အမေရိကန်အကူအညီ ယူကရိန်းအရေးတကြီးလိုအပ်
အနာဂတ်မှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ဆီက စစ်ရေး အထောက်အပံ့တွေ မရတော့မှာကို ယူကရိန်း တာဝန်ရှိသူတွေက စိုးရိမ်ကြောင်းပြောနေပါတယ်။ ပိုပြီး အင်အားကြီးတဲ့ ရုရှားတပ်တွေကို ဗဟာဗျုဟာအရ အသာစီး ရစေဖို့ ခေတ်မီ လက်နက်တွေအပါအဝင် ထပ်တိုးအကူအညီတွေ လိုနေတဲ့အကြောင်း ယူကရိန်းတပ်မှူးတွေက ပြောနေတာပါ။ ဗွီအိုအေ အရှေ့ဥရောပဌာနအကြီးအကဲ Myroslava Gongadze သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။