မြန်မာနိုင်ငံမှာ ပညာတတ် လူငယ်မျိုးဆက်မပျောက်အောင် ကန် ကူညီထောက်ပံ့မည်
အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပညာတတ် လူငယ်မျိုးဆက် ပျောက်ဆုံးတာမျိုး မဖြစ်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ဘန်ကောက်မြို့ကနေ ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။