မြန်မာနိုင်ငံနေရာတော်တော်များများမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရေးပေါ် လိုအပ်နေသူတွေအတွက် စာနာမှုအကူအညီအဖြစ် ယူရို ၁၉ သန်း ပေးအပ်မဲ့အကြောင်း ဥရောပသမဂ္ဂ (EU) က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ အကူအညီတွေကို ပြီးခဲ့တဲ့နှစ်ထဲ နေရပ်စွန့်ခွာကြရတဲ့ လူပေါင်း ၂ သန်း ၆ သိန်းနဲ့ ပဋိပက္ခတွေကြောင့် နစ်နာရသူတွေအတွက် သုံးစွဲမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
စားနပ်ရိက္ခာ၊ အရေးပေါ်ခိုလှုံစရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့မိလ္လာ စတာတွေအပြင်၊ မြေမြှုပ်မိုင်းလို အန္တရာယ်က အကာအကွယ်ပေးရမဲ့ ကိစ္စတွေမှာ သုံးစွဲမှာ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ပိတ်ထားရပြီး၊ ပဋိပက္ခတွေကြောင့် ပညာမသင်နိုင်ဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးတွေရဲ့ ၃ ပုံ ၁ ပုံလောက်သာ ပညာသင်ယူခွင့် မရတာကြောင့် ယူရို ၂ သန်းကို အရေးပေါ် ပညာရေးစရိတ်အဖြစ် သုံးစွဲမှာပါ။ အကူအညီတွေကိုတော့ ကုလသမဂ္ဂ အေဂျင်စီတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ပေးအပ်သွားမယ်လို့လည်း EU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။