ရွှေ့ပြောင်းလုပ်သား ဗီဇာနဲ့ နေထိုင်ခွင့်ကြေး ထိုင်းအစိုးရလျှော့ချ
ထိုင်းနိုင်ငံ အလုပ်သမား၀န်ကြီးဌာနက အလုပ်သမားစျေးကွက်ငြိမ်စေဘို့ တရားမ၀င် အလုပ် သမား ပြဿနာတွေ လျော့ပါး စေဘို့နဲ့ ကိုဗစ် အလွန်ကာလ အလုပ်ရှင်တွေနဲ့ အလုပ် သမား တွေ ရဲ့ အခက်အခဲတွေ ကို တဘက်တလမ်းက အထောက် အပံ့ဖြစ်စေပြီး နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာစေဘို့ အတွက်ရည်ရွယ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဗီဇာကြေးနဲ့ ယာယီ နေထိုင်ခွင့်ကြေးတွေကို လျှော့ချသတ်မှတ်ပေးလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မညိုညိုလွင်က ပြောပြထားပါတယ်။