နိုင်ငံရေး အကျဥ်းသူဟောင်းတဦးရဲ့ ထောင်တွင်း အတွေ့အကြုံ

Your browser doesn’t support HTML5

အာဏာသိမ်းမှုနောက်ပိုင်း ထောင်ထဲမှာ ၁ နှစ်ကျော် နေခဲ့ရပြီး မိသားစုနဲ့ တွေ့ဆုံခွင့်ဆိုတာ မရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ခြိမ်းခြောက်တာတွေ ကြုံခဲ့ရတယ်လို့ နိုင်ငံရေး အကျဥ်းသူဟောင်း မရွှေရည်လင်းထင်က ပြောပါတယ်။ မရွှေရည်လင်းထင်ရဲ့ ထောင်တွင်း အတွေ့အကြုံတချို့ကို မခင်ဖြူထွေးက မေးမြန်းထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး ၁ နှစ်ကျော် ထောင်ထဲမှာ နေခဲ့ရတဲ့ ကာလအတွင်း မိသားစုနဲ့ တွေ့ဆုံခွင့်ဆိုတာ မရှိခဲ့သလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဖိအားပေး ခြိမ်းခြောက်တာတွေ မကြာခန ကြုံခဲ့ရတယ်လို့ နိုင်ငံရေး အကျဥ်းသူဟောင်း မရွှေရည်လင်းထင်က ပြောပါတယ်။ အကျဥ်းထောင်ခန်း ကျဥ်းကျဥ်းကျပ်ကျပ်ထဲမှာ နိုင်ငံရေး အကျဥ်းသူတွေကို ပြွတ်သိပ်ထားပြီး ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်အောင် ပုံစံမျိုးစုံနဲ့ ဖိနှိပ် ခြိမ်းခြောက်တာတွေ ရှိနေသလို၊ မလွတ်မြောက်သေးသူတွေ အတွက် အင်မတန် စိုးရိမ်မိတယ်လို့ မရွှေရည်လင်းထင်က ပြောပါတယ်။ အမျိုးသမီး နိုင်ငံရေး အကျဥ်းသူတဦးရဲ့ ထောင်တွင်း အတွေ့အကြုံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။