UAE နဲ့ ဆီးရီးယား ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်မည်

ဆီးရီးယားသမ္မတ Bashar al-Assad က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ယူအေအီးသမ္မတ Sheikh Mohamed bin Zayed Al Nahyan နဲ့တွေ့ဆုံစဉ်။ (မတ်လ ၁၉ ၊ ၂၀၂၃)

{{Zawgyi/Unicode}}

ဆီးရီးယားသမ္မတ Bashar al Assad ဟာ သူ့ဇနီးနဲ့အတူ United Arab Emirates (UAE) နိုင်ငံကို မတ်လ ၁၉ ရက်နေ့က တရားဝင်ခရီးအဖြစ် ရောက်ရှိသွားပါတယ်။

ဆီးရီးယားသမ္မတကို ယူအေအီးသမ္မတ Sheikh Mohammed bin Zayed al-Nahyan က အမြောက်ပစ်ဖောက်ကြိုဆိုခဲ့တာပါ။

ဒါဟာ အာရပ်နိုင်ငံတွေက ဆီးရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြသလိုက်တဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ “နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ သူ့ရဲ့တွစ်တာလူမှုစာမျက်နှာမှာ ယူအေအီး သမ္မတ Sheikh Mohammed က ရေးတင်ထားပါတယ်။ ဆီးရီးယား နဲ့ ဒေသအတွင်းတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးများစေမယ့် နည်းလမ်းတွေကိုဆွေးနွေးခဲ့တယ်လို့လည်း ယူအေအီး သမ္မတက ဆိုပါတယ်။

တကယ်တော့ ၂၀၁၁ ခုနှစ်ကတည်းကစခဲ့တဲ့ ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျ၊ ကာတာတို့နဲ့အတူ ယူအေအီးနိုင်ငံက ဆီးရီးယား သူပုန်တွေကို ကျောထောက်နောက်ခံပေးခဲ့ကြတာဖြစ်ပါတယ်။ ယူအေအီးဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ ဆီးရီးယားနဲ့ ပုံမှန် ပြန်လည်မဆက်ဆံဖို့ပြောတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို ဆန့်ကျင်ပြီး သမ္မတအာဆတ်နဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကလည်း မကြာသေးခင်က အီရန်နိုင်ငံနဲ့ ပြန်လည်ဆက်ဆံရေးထူထောင်ဖို့ သဘောတူခဲ့ကြတဲ့အတွက်ကြောင့် ဆီရီးယားနဲ့ စကားပြောဖို့ဖြစ်လာနိုင်ခြေ ပွင့်သွားတယ်လို့လည်း ရိုက်တာသတင်းကသုံးသပ်ပါတယ်။

=============

{{Unicode}}



ဆီးရီးယားသမ်မတကို ယူအအေီးသမ်မတ Sheikh Mohammed bin Zayed al-Nahyan က အမွောကျပဈဖောကျကွိုဆိုခဲ့တာပါ။


