ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်

ပါကစ္စတန်-တာလီဘန် Tehrik-i-Taliban Pakistan (TTP) အဖွဲ့ဝင်များ။ ( မှတ်တမ်း ပုံဟောင်း )

=== [[ ZAWGYI ]] ===

ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိက ရဲဌာနချုပ်ကို မောင်းပြန် သေနတ်တွေ၊ ဗုံးတွေ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွအုပ်စုက သောကြာနေ့ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးဒါဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ၁၉ ဦး ဒါဏ်ရာရခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိ သူ Murtaza Wahab Siddiqui က တွစ်တာကနေတဆင့် ပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေထဲကလည်း အနည်းဆုံး ၃ ဦးသေဆုံးခဲ့တယ်လို့ ကနဦး သတင်းတွေမှာဖေါ်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပါကစ္စတန်-တာလီဘန်အဖွဲ့Tehrik-i-Taliban Pakistan (TTP) အဖွဲ့က အသေခံ တိုက်ခိုက်ခဲ့တာလို့ ထုတ်ဖေါ်ဝန်ခံပါတယ်။ ရဲယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်သမား ၈ ယောက်ကနေ ၁၀ ယောက်ကြားလောက်ဟာ မော်တော်ယာဉ်တစီးနဲ့ ရောက်လာပြီး ရဲစခန်းကို ဝင်စီးနင်းခဲ့ကြောင်း၊ လုံခြုံရေး တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ တိုက်ခိုက်သူတွေထဲမှာ အသေခံ ဗုံးခွဲသူတွေလည်း ပါဝင်ပြီး အနည်းဆုံးတဦးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ကလည်း ပါကစ္စတန်-တာလီဘန် TTP အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး၊ မကြာသေးမီ သီတင်းပတ်တွေအတွင်း နေ့စဉ်နီးပါး ဗုံးခွဲတိုက်ခိုက်မှု လုပ်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အထဲ အများစုက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ TTP အဖွဲ့ဟာ အာဖဂန်ဘက်မှာ အခြေကုတ်ယူ ထားတယ်လို့စွပ်စွဲထားပါတယ်။

Your browser doesn’t support HTML5

ကရာချိ ရဲဌာနချုပ်ကို TPP တာလီဘန်အဖွဲ့ တိုက်ခိုက်

=== {{ UNICODE }} ===



