Mr. Kubota ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဂျပန်အစိုးရ က ဆက်လက် တိုက်တွန်း တောင်းဆိုသွားပါ့မယ်။ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေး အရ၊ သံရုံး ကောင်စစ်ဝင်နဲ့ တွေ့ဆုံနိုင်တာမျိုး ကျနော်တို့ဘက်က စီစဉ်ထားသလို သူ့မိသားစုနဲ ဆက်သွယ်တာမျိုးတွေ ပံ့ပိုးပေးနေပါတယ်။ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို အတတ်နိုင်ဆုံး ဆက်ပေးသွားမှာပါလို့ ဂျပန် အစိုးရဝန်ကြီးအဖွဲ့၊ ဒုတိယ အတွင်းဝန်ချုပ် Yoshihiko Isozaki က ဒီနေ့ တိုကျိုမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါတယ်။
Toru Kubota ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တဲ့အကြောင်းနဲ့ အောက်တိုဘာလ ၅ ရက်နေ့က သူ့ရှေ့နေနဲ့ တွေ့ခွင့်ရခဲ့တဲ့အကြောင်း oshihiko Isozaki က ပြောပါတယ်။ ကျန်းမာရေး ထူးထူးခြားခြား စိုးရိမ်စရာ မရှိဘူးလို့လည်း ပြောဆိုသွားပါတယ်။
Toru Kubota အပေါ် စွဲဆိုထားတဲ့ တပ်မတော်ပြိုကွဲ အကြည်ညို ပျက်အောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မတွေအတွက် ထောင်ဒဏ် ၇ နှစ် မနေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီအမှုတွေကို စတင်စစ်ဆေးတဲ့ သြဂုတ်လအတွင်းကပဲ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ Toru Kubota တို့ တယ်လီဖုံးဆက်စကားပြော ခွင့်ရခဲ့ပါတယ်။ လူချင်းတွေ့ဆုံခွင့် ဂျပန်သံရုံးက တောင်းခံတာတော့ ကိုဗစ် 19 ရောဂါကာကွယ်ရေး စည်းမျဉ်းနဲ့ တခြားအကြောင်းတွေကြောင့်ဆိုပြီး စစ်ကောင်စီဘက်က ငြင်းဆိုထားတဲ့အကြောင်း ဂျပန်သံအရာရှိတွေက ပြောဆိုထားပါတယ်။
ဂျပန်နိုင်ငံသား Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရတောင်းဆို
Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။