[[ ZAWGYI / UNICODE ]]
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရန်ကုန်မြို့မှာ ဖမ်းဆီးခံရ
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတဦးကို ရန်ကုန်မြို့မှာ စနေနေ့က မြန်မာအာဏာပိုင်တွေ ဖမ်းဆီးသွားပါတယ်။ ဂျပန်နိုင်ငံသား Toru Kubota ကို ဒဂုံမြို့သစ်တောင်ပိုင်းမှာ စစ်အာဏာပိုင်တွေကို ဆန့်ကျင်လှုပ်ရှားသူ တချို့နဲ့အတူ စနေနေ့က ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းတွေက ဖော်ပြခဲ့သလို၊ ဂျပန်သတင်းဌာနတခုဖြစ်တဲ့ Nikkei Asia ကလည်း အမည်မဖော်လိုတဲ့ အာဏာပိုင်အသိုင်းအဝိုင်းကို ကိုးကားဖော်ပြခဲ့ပါတယ်။
အသက် ၂၀ ကျော်အရွယ် ဂျပန်နိုင်ငံသား ဖမ်းဆီးခံထားရတယ်လို့ ဂျပန်သံရုံးက အတည်ပြုခဲ့ကြောင်း NHK သတင်းကလည်း ဖော်ပြခဲ့တာပါ။ ရဲကစစ်ဆေးမေးမြန်းနေတဲ့ ဂျပန်နိုင်ငံသားကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုမယ်လို့လည်း ပြောပါတယ်။
ဂျပန်နိုင်ငံသားတဦး ဖမ်းဆီးခံရမှု သတင်းနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံသားတချို့ ဖမ်းဆီးခံရတဲ့အထဲမှာ ဒါဟာ နောက်ဆုံးတွေ့ရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို သတင်းယူရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အလွတ်သတင်းထောက် Yuki Kitazumi ခေတ္တဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဧပြီလမှာ ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရချိန်မှာတော့ လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင်ခံခဲ့ရပေမဲ့ တလလောက် အကြာမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
Your browser doesn’t support HTML5
=============
{{ UNICODE }}