Zawgyi/ Unicode
မက်ကာမှာ Hajj ဘုရားဖူး တသန်း လက်ခံမည်
ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ Covid-19 ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့တာတဲ့နောက်ပိုင်း ခုလိုပြန်ပြီး စည်းကားလာတာပါ။
အစ္စလာမ်ဘာသာဝင်တွေအတွက် အထွတ်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာမြို့မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားဧည့်သည် ၈ သိန်းခွဲအပါအဝင် ဘုရားဖူး တသန်းထိလက်ခံမယ်လို့ တာဝန်ရှိသူတွေကကြေငြာထားပါတယ်။
တနှစ်တခါကျင်းပတဲ့ မက္ကာ ဘုရားဖူးပွဲတော်က ဗုဒ္ဓဟူးနေ့မှာ တရားဝင်စတင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာဆော်ဒီအာရေဗျနိုင်ငံကို Hajj ဘုရားဖူ ၂ သန်းခွဲထိရှိရောက်လာခဲ့ပေမယ့် ၂၀၂၀ မှာတော့ ဧည့်သည် တထောင်လောက်တောင်ရောက်မလာပါဘူး။
မနှစ် ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီပြည်သူ ၆ သောင်းကိုပဲ Hajj ဘုရားဖူးခွင့်ပြုခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးပါတဲ့ ကဏ္ဍငါးခုထဲက တစ်ခုဖြစ်တဲ့ မက္ကာက ဝတ်ပြုပွဲကို မွတ်ဆလင်တိုင်း တသက်မှာတခါလောက်တော့သွားနိုင်ဖို့ မျှော်လင့်ဆုတောင်းထားကြတာပါ။
ပြည်ပဘုရားဖူးဧည့်သည်တွေပြန်လက်ခံလိုက်တဲ့အတွက် ဟိုတယ်တွေ၊ စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေပါ လုပ်ငန်းပြန်ပြီးလည်ပတ်လာနိုင်တဲ့အတွက် ကြေနပ်အားရနေကြပါတယ်။ Hajj နဲ့ Umrash ဝတ်ပြုဆုတောင်းရာနေရာ ၂ ခုကနေ ဆော်ဒီအာရေဗျအတွက် တနှစ်ဒေါ်လာ ၁၀.၄ ဘီလီယံလောက်ပုံမှန် ဘဏ္ဍာငွေရှာပေးနေတာဖြစ်ပါတယ်။
Unicode
Your browser doesn’t support HTML5