ရှာဖွေစမ်းသပ်ဆဲ COVID-19 ကုသဆေး
Your browser doesn’t support HTML5
ငှက်ဖျားနဲ့ အီဘိုလာရောဂါတွေ ကုသရာမှာသုံးတဲ့ ဆေးဝါးတွေကို လက်ရှိကမ္ဘာတလွှား ကူးစက် ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကုသရာမှာ သုံးလို့ရနိုင်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ဒီလိုဆေးတွေကို ကိုရိုနာရောဂါ ကုသရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက်ဆိုရင် စမ်းသပ်မှုတွေ အချိန်ယူလုပ်ဆောင်ရဦးမယ့်အကြောင်း သတိပေး ပြောဆိုကြပါတယ်။ ဦးကျော်ဇံသာကအပြည့်စုံ တင်ပြပေးပါမယ်။