မြောက်ပိုင်းမဟာမိတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တရုတ်နိုင်ငံ (တိုက်ရိုက်လေလှိုင်း)

Myanmar China

(Zawgyi/Unicode)

ဇန်နဝါရီလ ၁၄၊ ၂၀၂၀။ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကိုလာမယ့်ခရီးစဉ်မတိုင်မီ မကြာသေးခင်ရက်ပိုင်းတုန်းကတော့ မြန်မာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ဟာ KIA ကချင်ဒေသမှာ မြန်မာအစိုးရနဲ့စစ်မက်ရင်ဆိုင်နေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေသလို၊ မြောက်ပိုင်းမဟာမိတ်အဖွဲွဲ့နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာလည်း ထဲထဲဝင်ဝင် ပတ်သက်မှုရှိနေတာပါ။ အခုလို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုတွေဟာ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထောက်အကူပြုနိုင်ပါသလဲ.. မြန်မာ့ငြိမ်းချမ်းရေးအတွက် စိန်ခေါ်ချက်တခုလိုရော ယူဆပါသလား။ အင်္ဂါနေ့ ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

KIO ခေါင်းဆောင်ဟောင်းလည်းဖြစ်သူ လက်ရှိ ကချင်ပြည်သူဒီမိုကရေစီပါတီရဲ့ ဥက္ကဌ ဒေါက်တာတူးဂျာနဲ့၊ ရခိုင်အမျိုးသားကောင်စီက ကိုထွန်းဇော်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

မြောက်ပိုင်းမဟာမိတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တရုတ်နိုင်ငံ (တိုက်ရိုက်လေလှိုင်း)




(Zawgyi/Unicode)



တရုတ်သမ္မတခရီးစဉ်အပေါ် ဒေါက်တာတူးဂျာအမြင် /a/china-president-xi-trip-to-myanmar-/5243428.html