ရာသီဥတုပြောင်းလဲမှုကြောင့် အာဖရိကမှာ အငတ်ဘေးဆိုက်နိုင်

Your browser doesn’t support HTML5

အာဖရိကတိုက်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက သန်းနဲ့ချီတဲ့လူတွေအတွက် စားနပ်ရိက္ခာ ရှားပါးတဲ့ပြဿနာဟာ အရေးပေါ် အခြေအနေထိ ဖြစ်လာနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ ဥတုရာသီပြောင်းလဲမှုရဲ့ အကျိုးဆက် တစိတ်တပိုင်းပါဝင်တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။