Trump အစိုးရနဲ့ ရွှေ့ပြောင်းလာသူ ယာယီအကာအကွယ်ပေးတဲ့ စနစ်
Your browser doesn’t support HTML5
အမေရိကန်မှာ TPS လို့ခေါ်တဲ့ ယာယီအကာအကွယ်ပေးအဆင့်နဲ့ လက်ရှိနေထိုင်နေသူ ၃ သိန်းကျော်ရှိပါတယ်။ သူတို့မိခင်နိုင်ငံတွေမှာ အန္တရာယ်မကင်းဘူးလို့ ယူဆရတဲ့ နိုင်ငံသားမဟုတ်သူတွေကို အမေရိကန်မှာ နေထိုင်လုပ်ကိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ပ်အစိုးရက ဒီအစီအစဉ်ကို ပယ်ဖျက်ဖို့ ကြိုးစားနေတာကြောင့် မိသားစု အတော် များများ စိုးရိမ်နေကြပါတယ်။ Cristina Smit ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။