G-7 အစည်းအဝေး၊ Boris Johnson နဲ့ ကမ္ဘာ့နိုင်ငံရေး

Your browser doesn’t support HTML5

ဗြိတိသျှဝန်ကြီးချုပ် Boris Johnson အတွက်တော့ စနေနေ့ ပြင်သစ်နိုင်ငံမှာလုပ်မယ့် G-7 ထိပ်သီးအစည်းအဝေး က ပထမဆုံး ကမ္ဘာ့စင်မြင့်ပေါ် တက်ရတဲ့ပွဲ ဖြစ်ပါလိမ့်မယ်။ အဲဒီမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကိစ္စ ဆွေးနွေးဖို့လည်းရှိပါတယ်။ ဥရောပသမဂ္ဂ EU ထဲကနေ ဒီနှစ်နှောင်းပိုင်းမှာ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး ကိစ္စနဲ့ပတ်သက်ပြီး အကျပ်အတည်းကြုံနေရတာကို ဖြေရှင်းဖို့ ဝန်ကြီးချုပ် Johnson ကြိုးစားနေရသလို EU ကနေထွက်ပြီးတဲ့ နောက် အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တခုရဖို့ စေ့စပ်ညှိနှိုှုင်းတာ ပြေလည်ဖို့လည်း မျှော်လင့်ထားပါတယ်။ Henry Ridgwell ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။