တောရိုင်းတိရစ္ဆာန် မျိုးတုန်းမှုအန္တရာယ် နည်းပညာသုံးကာကွယ်

Your browser doesn’t support HTML5

ကမ္ဘာမှာ ကြံ့ကောင်ရေ အများဆုံးရှိတဲ့ တောင်အာဖရိကနိုင်ငံဟာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်မှုဒဏ် အဆိုးဆုံးခံရတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း တရားမဝင် တောရိုင်း ဖမ်းဆီး သတ်ဖြတ်မှု အဆ ၉၀၀၀% ထိ တိုးသွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တောရိုင်းကောင်ရေ ၁၂၀၀ ကျော်ထိ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါ တယ်။ အဲဒီအချိန်နောက်ပိုင်းမှာ ကျဆင်းသွားပေမယ့်လည်း တောရိုင်း တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုက ပြဿနာတရပ်အဖြစ် ဆက်ရှိနေဆဲပါ။ အခုတော့ နည်းပညာ အထောက်အကူနဲ့ ကာကွယ် တားဆီးတာတွေ လုပ်နေပြီဖြစ်တဲ့အကြောင်း Faith Lapidus ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။