သမ္မတ Trump ရဲ့ လန်ဒန် ခရီးစဉ်

Your browser doesn’t support HTML5

အမေရိကန်သမ္မတ Donald Trump ဟာ ဗြိတိသျှဘုရင်မကြီး Elizabeth ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ဇွန်လ ၃ ရက်နေ့မှာ တရားဝင် သွားရောက် လည်ပတ်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်ဖွဲ့တွေ ပြင်သစ်နိုင်ငံ Normandy ကမ်းခြေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ D-day ၇၅ နှစ်ပြည့် အခမ်းအနားကိုလည်း သမ္မတ Trump တက်ရောက်မှာပါ။ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ခိုင်မြဲစွာ တည်ရှိခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်ခိုင်မာအောင် လုပ်ဆောင်မယ့် ခရီးစဉ်ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမယ့် သမ္မတ Trump ရဲ့ ခရီးစဉ်ဟာ ခမ်းနားထည်ဝါတဲ့ အစီအစဉ်တွေနဲ့ချည်း ပြည့်နေမှာမဟုတ်ဘဲ ကန့်ကွက် ဆန္ဒပြမယ့်သူတွေလည်း ရှိနေကြောင်း ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara က သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။