ကုလ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller နဲ့ VOA သီးသန့်တွေ့ဆုံမေးမြန်းခန်း
Your browser doesn’t support HTML5
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့မှာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေသေးတဲ့အကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာ မူလာ က ပြောပါတယ်။ ဒီလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စစ်မူလာရဲ့ ခရီးစဉ်အတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကိုတော့ မစ္စစ်မူလာကို မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။