ပြီးခဲ့တဲ့ မေလ ကတည်းက The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိ သျှကိုကိုမောင်တို့ကို သတင်းမီဒီယာ ဥပဒေနဲ့ပါ အရေးယူပေးဖို့ တပ်မတော်ဘက်က ဗဟန်းတရားရုံးကို ဦးတိုက်လျှောက်ထားမှုကိုလက်ခံစစ်ဆေးဖို့ တရားရုံး သဘောတူလိုက်ပါတယ်။ ဦးကျော်မင်းဆွေကို တော့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ဆက်လက် အရေးယူထားတာကို ဖျက်သိမ်းပေးဖို့ တိုင်း ဒေသကြီး တရားရုံးမှာ တင်ပြသွားမယ်လို့ တရားစွဲဆို ခံထားရသူရဲ့ ရှေ့နေဘက်က ပြောပါတယ်။ သ တင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
“ကျည်ထောင်စုသစ္စာ” ဆိုတဲ့ သရော်စာ ရေးသားဖော်ပြခဲ့တဲ့အတွက် The Voice Weekly အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ကို သတင်းမီဒီယာ ဥပဒေနဲ့ပါ အရေးယူ ပေးဖို့ တပ်မတော်ဘက်က တိုင်ကြားထားမှုအပေါ် တရားရုံးက လက်ခံတာနဲ့ ပတ်သက်ပြီး တရားလွှတ်တာ်ရှေ့နေ ဦးခင်မောင်မြင့် အခုလို ပြောပါတယ်။
"'ဒုတိယဗိုလ်မှူးကြီးလင်းထွန်းရဲ့ တိုင်ကြားချက်ကို လက်ခံပြီးတော့မှ တိုင်ကြားခံရသူ ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ)အရ ဆက်လက်စစ်ဆေးမယ်ဆိုတဲ့အမိန့့်ဖြစ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ အဲ့ဒီ့အမိန့်ကို ဒါတရားသူကြီးက ဖတ်ကြားရှင်းလင်းပြပါတယ်။ ပြီးတော့မှ ဇူလိုင်လ ၂၈ရက်နေ့ မနက် ၁၀နာရီမှာ အမှုနှစ်မှုစလုံးကို စစ်ဆေးသွားဖို့ရှိပါတယ်။"
မေလ ၁၇ရက်နေ့ကတည်းက တပ်မတော်ဘက်က ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဦးကျော်မင်းဆွေနဲ့ ဗြိတိသ ျှကိုကိုမောင်တို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ အရေးယူပေးဖို့ ဗဟန်း ရဲစခန်းကို တင်ပြခဲ့သလို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ ခနဲ့ပါ အရေးယူပေးဖို့ ဗဟန်း တရားရုံး မှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။
တူညီတဲ့ အကြောင်းကိစ္စရပ် တခုတည်းအပေါ် တရားလိုတယောက်တည်းက ရဲစခန်းမှာရော၊ တရားရုံး မှာပါ ဥပဒေ ၂ခုနဲ့ အရေးယူဖို့ တိုင်ကြားတာဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေသလို ရဲတပ်ဖွဲ့ဘက်က လည်း ဒီအမှုအပေါ် စီစစ်ဖို့ ပျက်ကွက်ခဲ့တာမို့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုထားမှုကို ဖျက်သိမ်းပေးဖို့ တိုင်းဒေသကြီး တရားရုံးကို တင်ပြသွားမယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ဆိုပါတယ်။
"တရားစွဲဆိုသူကလည်း သူ့ရဲ့ဥပဒေအခွင့်အရေးကို လွန်လွန်ကျွံကျွံ သုံးတယ်ပေါ့နော်၊ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဘက်ကလည်းပဲ တိုင်ကြားလာတဲ့အမှုတိုင်းကို လက်ခံဖိုံမလိုဘူး စိစစ်ဖို့ ပျက်ကွက်ခဲ့တယ်ပေါ့နော်။ သတင်းမီဒီယာသမားတယောက်ကို သတင်းမီဒီယာဖော်ပြချက်အရ တရားစွဲလာရင် သတင်းမီဒီယာကောင်စီမှာ အရေးယူခြင်းရှိ-မရှိ အခြားတရားရုံးတွေမှာ တိုင်ကြားထားခြင်း ရှိ-မရှိ စီစစ်ဖို့လိုအပ်တာပေါ့ မစီစစခဲ့ဘူး။ ၆၆ဃ မတင်ခင် မေလ ၂၈ရက်နေ့မှာကတည်းက ရဲမှာလည်း တိုင်ထားတယ်၊ တရားရုံးကိုလည်း ဦးတိုက်ပြီးတော့ တိုင်ထားတယ်၊ လျှောက်ထားတယ်ဆိုတာ ရဲကသိနေခဲ့ပြီ၊ သိနေပြီဟေ့ဆိုရင် ရဲမှာ တိုင်ထားတဲ့အမှုက ပိတ်ကိုပိတ်ရမယ်။ အမှုကို ဥပဒေအရ ဒါပေမဲ့ အဲ့တာကို မပိတ်ခဲ့ဘူး မပိတ်ခဲ့ပဲ ဒီအမှုကြီးက တရားရုံးကို ဆွဲတင်လိုက်တယ် ၆၆ဃနဲ့ ဆွဲတင်လိုက်တာသည် လုံးဝကို တည်ဆဲဥပဒေကို ဆန့်ကျင်ပြီးတော့ တရားစွဲဆိုတာဖြစ်တဲ့အတွက် ဒါကို ကျနော်တို့က ပယ်ဖျက်ပေးဖို့ လိုအပ်တဲ့အတွက် လျှောက်ထားသွားမှာဖြစ်ပါတယ်ခင်ဗျ။"
"ကျည်ထောင်စု သစ္စာ" ဆောင်းပါးရှင် ဗြိတိသ ျှကိုကိုမောင်ကိုတော့ ဇွန်လ ၁၆ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးချိန်တုန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃနဲ့ တရားစွဲဆိုဖို့ မသင့်ဘူးဆိုတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်ချက်နဲ့ အမှုကို ပလပ်ပေးခဲ့တာဖြစ်ပြီး ဦးကျော်မင်းဆွေကိုတော့ ဆက်လက် တရားစွဲဆို ထားတာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အစ ကတည်းက သတင်းမီဒီယာ ဥပဒေနဲ့သာ အရေးယူပေးဖို့ တိုင်ကြားရမယ့် အစား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ တရားစွဲတာ မဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။
" နဂိုကတည်းက သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲသင့်တာလေ၊ ဒါပေမဲ့ မလိုအပ်ပဲနဲ့ပဲ ပြောရမလား သူတို့က လက်စားခြေချင်လို့ အဲ့လို ၆၆ဃနဲ့ စွဲထားတယ်။ အခုတခါ အခုကတော့ ယူဆချက်ကတော့ ဆောင်းပါးရေးတဲ့သူကို ပြစ်ဒဏ်ကျခံရအောင် လုပ်တဲ့သဘောပေါ့လေ။ တကယ်တော့ စပြီးတော့ စွဲစဉ်ကတည်းက ၆၆ဃ မဟုတ်ပဲနဲ့ ဒီဥပဒေနဲ့ပဲ ဒီပုဒ်မနဲ့ပဲ စွဲသင့်တယ်လို့ ကျနော်ထင်တယ်။ အခုက ၆၆ဃနဲ့လည်း စွဲထားတယ် ဆောင်းပါးရှင်က ၆၆ဃ မှာ သူတင်တာမဟုတ်ဘူးဆိုတာမျိုးနဲ့ လွတ်သွားတော့ ဒီဟာနဲ့ထပ်စွဲတယ်လို့ ယူဆစရာရှိတာပေါ့နော်။"
လက်ရှိ NLD အစိုးရ လက်ထက် သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ဖမ်းဆီး အရေးယူတာတွေ ပိုများလာတာမို့ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ်လို့လဲ သူက ပြောပါ တယ်။
The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအနေနဲ့ အချုပ်ထဲကနေ အမှုကို ဆက်လက် ရင်ဆိုင်နေရတာပြီး အာမခံလျှောက်ထားမှု ၇ ကြိမ်တိတိ ပယ်ချခံရတာလဲဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရလက်ထက် ဆက်သွယ်ရေး ဥပဒေနဲ့ သတင်း မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိနေပြီး သတင်း သမား ၁၄ဦး တရားရင်ဆိုင် နေရတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5