သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ရုရှားလက်နက်ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ အမေရိကန်နည်းလမ်းရှာ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet 

[[Zawgyi/Unicode]]

မြန်မာပြည်သူတွေကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီအတွက် လက်နက်ခဲယမ်းတွေကို ရုရှားကဖြည့်တင်းပေးနေတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့လွန်စွာမှ စိုးရိမ်ပူပန်မိသလို ရုရှားနဲ့မြန်မာစစ်ကောင်စီကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ နည်းလမ်းရှာဖွေနေကြောင်း အမေရိကန် အကြီးတန်းသံတမန်တယောက်က ပြောလိုက်ပါတယ်။

“ ရုရှားနဲ့မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုကိုကန့်သတ်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ရုရှားဟာ မဟာမိတ်နိုင်ငံတွေ လျော့နည်းသည်ထက် လျော့နည်းလာနေချိန်မှာ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ရုရှားအတွက်အားထားရတဲ့ မဟာမိတ်ဖြစ်လာပါတယ်။ ဒီကိစ္စကို ပစ်တင်ရှုတ်ချသလို မြန်မာပြည်သူတွေကိုဆန့်ကျင်ဖိနှိပ်တဲ့လက်နှက်တွေ၊ ခဲယမ်းတွေထောက်ပံ့နေတဲ့ပေါ်မှာလည်း စိုးရိမ်မိပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ဗုဒ္ဓဟူးနေ့မှာပြုလုပ်ခဲ့တဲ့ မြန်မာစစ်အာဏာသိမ်း ၂ နှစ်ပြည့်သတင်း စာရှင်းလင်းပွဲမှာပြောကြားသွားတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အထူးဖြင့်ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်ကောင်စီနဲ့ရုရှားတို့ပူးပေါင်းဆောင်ရွက်မှု တွေမြင့်တက် လာတာကိုတွေ့မြင်ခဲ့ရပြီး ရုရှားဟာ မြန်မာစစ်ကောင်စီအတွက်အဓိကအားထားရတဲ့ လက်နှက်ခဲယမ်းထောက်ပံ့သူဖြစ်လာတဲ့အတွက် အမေရိကန်အနေနဲ့စိုးရိမ်ပူပန်မှုတွေပိုများလာခဲ့ပါတယ်လို့လည်း အတိုင်ပင်ခံ Chollet ကပြော ဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရနဲ့မဟာမိတ်တွေဟာ မြန်မာစစ်ကောင်စီရဲ့ဝင်ငွေနဲ့ လက်နက်ရရှိမယ့်လမ်းကြောင်းတွေကို ဆက်လက်ပိတ်ဆို့ အရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






XS
SM
MD
LG