သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကြီးတဲ့ ဘရာဇီးလ် ကွာတားနဲ့ နားသွားပြီ


ဘရာဇီးလ် ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။
ဘရာဇီးလ် ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမပွဲမှာ ပြင်သစ်က ဥရုဂွေးကို ၂ ဂိုးပြတ်၊ ဒုတိယပွဲမှာ ဘယ်လ်ဂျီယမ်က ဘရာဇီးလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးနိုင်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်သွားကြပါပြီ။

ပြင်သစ်အတွက်ဂိုးတွေကို မိနစ် ၄၀ မှာ Varane က အဖွင့်ဂိုးသွင်းယူပြီး ၆၁ မိနစ်မှာ Griezmann ကန်သွင်းတဲ့ဘောလုံးကို ဥရုဂွေးဂိုးသမား Muslera ပုတ်ထုတ်ပေမယ့် ဂိုးထဲဝင်သွားတာကြောင့် ပြင်သစ်တို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

ဥရုဂွေးသမား ပုတ်ထုတ်သော်လည်း ဂိုးဝင်သွားသည့် ဘောလုံးကို ကန်နေသည့် Griezman။ ၆ ဇူလိုင် ၂၀၁၈။
ဥရုဂွေးသမား ပုတ်ထုတ်သော်လည်း ဂိုးဝင်သွားသည့် ဘောလုံးကို ကန်နေသည့် Griezman။ ၆ ဇူလိုင် ၂၀၁၈။

ဒီပွဲမှာ ဥရုဂွေးအသင်းရဲ့ အဓိကအားထားရတဲ့ တိုက်စစ်မှူး Cavani ဒဏ်ရာကြောင့် မကစားနိုင်တဲ့အတွက် Suarez-Cavani တိုက်စစ်အတွဲ ပျက်သွားတာကလည်း ဥရုဂွေး အသင်းအတွက် အထိနာသွားတယ်လို့ဆိုရမှာပါ။

ဥရုဂွေး ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။
ဥရုဂွေး ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ခြောက်ကြိမ်မြောက် တက်သွားနိုင်တာဖြစ်ပြီး ၁၉၉၈ နဲ့ ၂၀၀၆ ခုနှစ်ပွဲတွေမှာ ဆီမီးတက်တုန်းက ဗိုလ်လုပွဲထိ ရောက်ထားဖူးပါတယ်။

ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်ပွဲမှာ ဘရာဇီးလ်က ဘယ်လ်ဂျီယမ်ဘက်ကို အကြိမ်ကြိမ် ထိုးဖောက်ပြီး ဂိုးသွင်းခွင့် အကြိမ် အတော်များများရပေမဲ့ ဘယ်လ်ဂျီယမ်နောက်တန်းနဲ့ ဂိုးသမားတို့ အစွမ်းကုန် ကာကွယ် ဖျက်ထုတ်နိုင်တာကြောင့်လည်း ဘယ်လ်ဂျီယမ် အနိုင်ရဖို့အခွင့်အလန်း ပိုများသွားစေတာပါ။

ဘယ်လ်ဂျီယမ်အတွက် အဖွင့်ဂိုးကတော့ ၁၃ မိနစ်မှာ ဒေါင့်ကန်ဘော ကန်တင်တာကို ဘရာဇီးလ် အလယ်တန်းလူ Fernandinho ခေါင်းတိုက်ဖျက်ထုတ်တာမှာ သူ့လက်မောင်း နဲ့ထိပြီး ကိုယ့်ဂိုးထဲဝင်တာကြောင့် ဘယ်လ်ဂျီယမ် ဂိုးရသွားတာပါ။

ဒုတိယဂိုးကိုတော့ ၃၁ မိနစ်မှာ Lukaku ပို့လိုက်တဲ့ဘောလုံးကို ဘရာဇီးလ်ဂိုးစည်းအစပ် ကနေ De Bruyne မနားတမ်း ကန်သွင်း ယူတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အချိန်အတော်များများမှာ ဘရာဇီးလ်က အပြင်းအထန် တိုက်စစ်ဆင် ဖိကစားပြီး ၇၆ မိနစ်မှာ Coutinho တင်ပေး လိုက်တာကို Augusto က ခေါင်းတိုက် သွင်းတာကြောင့် တလုံးတည်းသော ချေပဂိုးနဲ့ပဲ ဘရာဇီးလ်တို့ ကမ္ဘာ့ဖလားကနေ ထွက်သွားရပါပြီ။

ဘယ်လ်ဂျီယမ် ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။
ဘယ်လ်ဂျီယမ် ပရိသတ်။ ၆ ဇူလိုင် ၂၀၁၈။

ပြင်သစ်နဲ့ ဘယ်လ်ဂျီယမ်အသင်း ဆီမီးဖိုင်နယ်ပွဲကိုတော့ မြန်မာစံတော်ချိန် ဇူလိုင်လ ၁၁ ရက် တနင်္ဂနွေနေ့ မနက် ၁၂ နာရီခွဲမှာ ကန်ကြမှာဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာ ကွာတားဖိုင်နယ်လ် နောက်ဆုံးပွဲတွေအဖြစ် ဆွီဒင်နဲ့ အင်္ဂလန်၊ ရုရှားနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG