ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်က အမျိုးသမီးတွေ ရောက်ရှိလာကြပြီး ရောင်းစားခံကြရတာ၊ အိမ်တွင်း အကြမ်းဖက်မှု ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ အတွက် အကူအညီပေးဖို့ Women’s Crisis Center အမျိုးသမီးများ အရေးပေါ်ဂေဟာ ဖွင့်လှစ်ထားပါတယ်။
SAW လို့အတိုကောက်ခေါ်တဲ့ အမျိုးသမီးများ ကွန်ရက်အောက်မှာ ဖွင့်လှစ်ထားတဲ့ ဒီအမျိုးသမီးဂေဟာ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတွေ အရေးပေါ် အကူအညီလိုရင် ဘယ်လို ဆောင်ရွက်ပေးနေပါသလဲ ဆိုတာကို အမျိုးသမီးဂေဟာ တာဝန်ခံ မရီရီဝင်း ကို ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်အတွက် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။