မစန္ဒီစိန်သိန်းဟာ “Digital ကဝေ” လို့ခေါ်တဲ့ Digital အေဂျင်စီရဲ့CEO အပြင် ပူးတွဲမတည်သူလဲဖြစ်ပါတယ်။ Digital လူမှုဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး သူရဲ့လုပ်ဆောင်မှုကြောင့် အထင်ကရ Forbes စီးပွားရေးမဂ္ဂဇင်းက ၂၀၁၇ခုနှစ် ကမ္ဘာ့အောင်မြင်တဲ့ လူငယ် စွန့်ဦးတည်ထွင်သူ ၆၀၀ စာရင်းမှာ မြန်မာနိုင်ငံက အမျိုးသမီး ၂ ဦးပါဝင်ခဲ့ရာမှာ သူလဲ တဦးအပါအဝင်ဖြစ်ပါတယ်။ ခေတ်မှီနည်းပညာကို နှစ်သက်တဲ့ Geek Girls Myanmar ဆိုတဲ့အဖွဲ့ကိုလဲ သူဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက မတည်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Facebook အပါအဝင် အင်တာနက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး မစန္ဒီစိန်သိန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒုတိယပိုင်းကို ဒီသတင်းပတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။