သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာစင်သီယာမောင် ထိုင်းမြန်မာနယ်စပ် မဲတောဆေးခန်း ၂၈ နှစ်တာ လူမှုရေး အကျိုးပြုခရီး


 ဒေါက်တာစင်သီယာမောင်
ဒေါက်တာစင်သီယာမောင်

ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင် ဟာ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် ထိုင်း-မြန်မာနယ်စပ်က မဲဆောက် မြို့ကို ရောက်လာခဲ့သူဖြစ်ပါတယ်။ အဲဒီမှာ မယ်တော်ဆေးခန်းကို ကုတင်အနည်းငယ်မျှနဲ့ စတင်ဖွင့်ခဲ့ရာနေ နှစ်ပေါင်း ၃၀ နီးပါးအတွင်း အခုဆို ဒီဆေးခန်းဟာ မြန်မာ တိုင်းရင်းသား ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိဘမဲ့ ကလေးတွေအတွက် လူမှုရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာ ဌာနကြီး ဖြစ်လာနေပါပြီ။

သူ့ရဲ့ ရိုးရှင်းတဲ့ စေတနာနဲ့ အများကောင်းကျိုးကို မဆုတ်မနစ် ဆောင်ရွက် ပေးမှုတွေကြောင့် ဒေါက်တာ စင်သီယာမောင်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆုအတော်များများလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဇင်ဘာလ ၆ ရက်က အသက် ၅၈ နှစ် ပြည့်ခဲ့တဲ့ ဒေါက်တာ စင်သီယာ အနေဲ့ ထိုင်းမြန်မာ နယ်စပ်မှာ ၂၈ နှစ်တာ ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံတွေကို ဘယ်လို ပြန်ပြောင်း သုံးသပ်ထားသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG