သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး ရခိုင်တိုင်းရင်းသူ အေးသီရိကျော် အမြင်

ဗွီအိုအေ မြန်မာပိုင်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ တိတ်ဆိတ်ခြင်းနောက်ကွယ် ၊ မြန်မာနိုင်ငံမှာ အမျိုးသမီးများအကြမ်းဖက်ခံရမှုနဲ့ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုဆိုတဲ့ ဂျာနယ်ဆောင်းပါး ရေးသားသူ ရခိုင်တိုင်းရင်းသူ မအေးသီရိကျော်

မြန်မာနိုင်ငံမှာ အမျိုးသမီးများ အိမ်တွင်းရေး အကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ Behind the Silence : Violence against Women and their Resilience in Myanmar - တိတ်ဆိတ်ခြင်းနောက်ကွယ် ၊ မြန်မာနိုင်ငံမှာ အမျိုးသမီးများအကြမ်းဖက်ခံရမှုနဲ့ သူတို့ရဲ့ ခံနိုင်ရည်ရှိမှုဆိုတဲ့ ဂျာနယ်ဆောင်းပါးကို ရခိုင်တိုင်းရင်းသူ မအေးသီရိကျော်က တွဲဖက်ရေးသားခဲ့ပါတယ်။

သူဟာ ကျား-မ တန်းတူ အခွင့် အရေး၊ အမျိုးသမီးအခွင့်ရေးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားသူဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ IVLP – The International Visitor Leadership Program အစီအစဉ်နဲ့ အမေရိကန်ကို ရောက်ခိုက် သူ ရေးသားခဲ့တဲ့ဆောင်းပါးနဲ့ပတ်သက်လို့ မအေးသီရိကျော်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG