နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ ဒီနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာတဝန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အမျိုးမျိုး တိုးလာနေပြီး ဒိလိုမျိုး အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရော အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု အခြေအနေ ဘယ်လိုရှိပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။