မနန့်စုရွှေစင်ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး လာမယ့် မတ်လ (၃၁) ရက် နေ့ ကျင်းပမယ့် YCDC ခေါ် ရန်ကုန် စည်ပင်သာယာ ရွေးကောက်ပွဲကို အင်းစိန်၊ လှိုင်သာယာ မဲ ဆန္ဒ နယ်မြေ အမှတ် (၅) မှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောာင်း ၂၇၂ ဦး အနက် ၄၄ ဦး ဟာအမျိုးသမီးတွေဖြစ်ကြပြီး ရာနှုန်းအားဖြင့် ၁၆ % ရှိပါတယ်။ ကရင်တိုင်းရင်းသူဖြစ်တဲ့ မနန့်စုရွှေစင် ဘာကြောင့် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ရသလဲ။ သူရွေးချယ်ခံရမယ့် မြို့နယ်အကျိုး ဆောင်ရွက်ပေးဖို့ သူ့မှာ ဘယ်လိုဆန္ဒရှိပါသလဲဆိုတာ သိရဖို့ သူနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။