NLD အစိုးရရဲ့ အဓိက စီးပွားရေးပေါ်လစီတွေထဲမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ထည့်သွင်း ဖော်ပြထားပေမယ့် လယ်ယာစိုက်ပျိုးရေးအတွက် သီးခြား ပေါ်လစီ အသစ်တွေ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။ တောင်သူ လယ်သမားတွေ လတ်တလော ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် အစိုးရက အကူအညီပေးရေးအပါအဝင် တခြား လယ်သမားတွေအတွက် ကူညီ ဆောင်ရွက်ပေးသင့်တာတွေကို ဒေါက်တာ စိုးထွန်းနဲ့ သီးသန့် ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၂) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။