သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

R2P နဲ့ ICC တို့ အလားအလာ (အပိုင်း ၁)


The entrance of the International Criminal Court is seen in The Hague, March 3, 2011.
The entrance of the International Criminal Court is seen in The Hague, March 3, 2011.
R2P နဲ့ ICC တို့ အလားအလာ (အပိုင်း ၁)
please wait

No media source currently available

0:00 0:11:06 0:00
တိုက်ရိုက် လင့်ခ်

အခုတလော ဖြစ်ပွားနေတဲ့ ရခိုင် ပြဿနာနဲ့ ပတ်သက်ပြီး R2P (Responsibility to Protect) အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ မူအရ မြန်မာနိုင်ငံထဲကို နိုင်ငံတကာက ဝင်ရောက်လုပ်ဆောင်မယ်၊ မြန်မာတာဝန်ရှိသူတချို့ကို ICC (International Criminal Court) နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်မယ်ဆိုတဲ့ လောဆော်မှုတွေ၊ ခန့်မှန်းပြောဆိုမှုတွေ ကြားနေရပါတယ်။ ဒီကိစ္စတွေရဲ့ သဘောသဘာဝနဲ့ တကယ်ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိတယ်ဆိုတာ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေပါရဂူလည်းဖြစ် နိုင်ငံတကာတက္ကသိုလ်တွေမှာ နှစ်ပေါင်းများစွာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ရှေးဦးစွာ R2P ရဲ့သမိုင်းကြောင်းကို ဒေါက်တာမြင့်ဇံ က အခုလို စတင်ရှင်းပြပါတယ်။

ဖြေ ။ ။ R2P ဆိုတာ Responsibility to Protect လို့ ပြောလိုက်တာပါ။ အဲဒါက ဘယ်လိုဖြစ်တယ်ဆိုတာ ရာဇဝင်ကြောင်းလေး၊ သမိုင်းကြောင်းလေးတော့ နည်းနည်းပြောရမယ်။ ၂၀၀၅ ခုနှစ်မှာ ကုလသမဂ္ဂ နှစ် (၅၀) မြောက်နှစ်မှာ ကမ္ဘာ့ထိပ်သီးများ Summit လုပ်ပြီးတော့ အဲဒီ ၂၀၀၅ ခုနှစ် မတိုင်မီကတည်းက ရီဝမ်ဒါ (၁၉၉၀) ခုနှစ်မှာ Genocide သတ်ဖြတ်မှုများ၊ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ Serbia , Yugoslavia မှာလည်း ဖြစ်ခဲ့တဲ့အတွက် အဲဒီလို သတ်ဖြတ်မှုတွေကို တားဆီးနိုင်ရင်တားဆီး၊ ကာကွယ်နိုင်ရင်ကာကွယ်၊ ကုစားနိုင်ရင် ဘယ်လိုကုစားမလဲ ဆိုပြီးတော့ ဒီ R2P သဘောကို ကုလသမဂ္ဂမှာ တက်တဲ့ နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံလဲတော့ မပြောတတ်ဘူး (၆၀) (၇၀) ထက်တော့ မနည်းဘူး၊ ထိပ်သီးခေါင်းဆောင်တွေက တညီတညွှတ်တည်း သဘောတူတယ်လို့ ဆိုပါတယ်။ တညီတညွှတ်တည်းဆိုတာ ပြောရရင် မဲခွဲပြီး ဆုံးဖြတ်တာ မတူပါဘူး။ တက်သမျှကို Consensus သဘောတူညီကြောင်း ပြဆိုလိုက်တာပါ။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံတနိုင်ငံမှာ ဘယ်နိုင်ငံပဲဖြစ်ဖြစ် Genocide လို့ခေါ်တဲ့ လူမျိုးရေး၊ လူမျိုးစုအရေး၊ နိုင်ငံသားအရေးနဲ့ ဘာသာရေးကြောင့် သတ်ဖြတ်မှု မျိုးတုန်းအောင် လုပ်ဆောင်မှုများ ရှိခဲ့တယ်ဆိုတဲ့ Genocide လူမျိုးပြုတ်သတ်ဖြတ်မှုဆိုတာ သိပ်မတိကျတော ကျနော် အဲဒီစကားကို မသုံးဘူး။

ဗမာလို အခုလိုရှင်းပြပြီး Genocide လို့ပဲသုံးမယ်။ Crimes against Humanity လူသားများအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုများ။ နောက်တခါ War Crimes စစ်ရာဇဝတ်မှုများနဲ့ Ethnic Cleansing ဒေသတွင်းမှာရှိတဲ့ လူမျိုးစု (သို့မဟုတ်) လူမျိုးများကို တခြားဒေသသို့ ရောက်သွားအောင် ဖယ်ထုတ်ခြင်း။ ဒါက အကြမ်းမျဉ်းပဲ ဘာသာပြန်ထားတယ်။ အဲဒါတွေ မဖြစ်အောင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်။ နောက်တခါ အဲဒါတွေ ဖြစ်လာရင် နိုင်ငံများအနေနဲ့ တားဆီးနိုင်အောင်။ ဖြစ်နေတယ်ဆိုရင် ကုစားနိုင်အောင် - အဲဒီစကားကို သုံးပါရစေ Remedy ကို ကုစားလို့ သုံးပါတယ်။ ကုစားနိုင်အောင် လုပ်ဆောင်ရမယ်လို့ ၂၀၀၅ ခုနှစ်က ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပြီး၊ လုံခြုံရေးကောင်စီကလည်း အဲဒီအယူအဆကို ၂၀၀၆ ခုနှစ် ဆုံးဖြတ်ချက်အမှတ် (၁၆၇) မှာ လုံခြုံရေးကောင်စီက သဘောတူခဲ့ပါတယ်။

မေး ။ ။ အဲဒီတော့ အခုနပြောတဲ့ အချက်အလက်တွေထဲမှာ Genocide, War Crimes, Crimes against Humanity, Ethnic Cleansing - ကျနော်တို့ အသံလွှင့်တဲ့အခါ လူမျိုးအလိုက် ရှင်းလင်းဖယ်ရှားမှု ဆိုပြီးတော့ ပြန်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံကို စွပ်စွဲမှုတွေ ရှိပါတယ်။ ဒီဟာမှာ ဘယ်လို Criteria တွေ၊ ဘယ်လို အခြေခံအချက်အလက်တွေ ကြည့်ပြီးတော့ ယေဘုယျအဖြစ် သတ်မှတ်ကြသလဲဆိုတာကို ပြောပါ။

ဖြေ ။ ။ ဘယ်လို Criteria ကို ရေးဆွဲလဲဆိုတော့ ကျနော်လည်း မြန်မာနိုင်ငံထဲမှာ နေတယ်။ ကျနော်လည်း ရန်ကုန်မြို့မှာနေတော့ ရခိုင်လည်း မရောက်တာ နှစ်ပေါင်း (၄၀) လောက်ရှိပြီ။ အခု ဘယ်လိုဖြစ်တယ်ဆိုတာ နိုင်ငံပိုင် အစိုးရသတင်းစာတွေ နဲ့ News Media တွေက ပြောတာတမျိုး။ နောက်ပြီးတော့ နိုင်ငံခြားက CNN, BBC တို့ ပြောကြတယ်။ VOA ကတော့ မပြောပါဘူး။ BBC က ဗမာ BBC ကို ပြောတာမဟုတ်ဘူး။ အင်္ဂလိပ် BBC နဲ့ ကျန်တဲ့ဟာတွေ လွှင့်နေတာကတော့ ဘယ်လို Criteria နဲ့ သတ်မှတ်မလဲဆိုတာကတော့ အဲဒီလို Genocide ဆိုတာကတော့ တော်တော်လေးကို ခက်တယ်။ Genocide က သတ်ဖြတ်မှုတိုင်းလည်း Genocide မဟုတ်ဘူး။ အခုန တမင်တကာ ချန်ပြောခဲ့တာက နိုင်ငံရေး အစုအဖွဲ့တွေကို သတ်ဖြတ်တယ်ဆိုရင် Genocide Convention စာချုပ်အရ Genocide မဖြစ်ဘူး။

နောက်တခါ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ပြုတ်ပြုန်းအောင် လုပ်တယ်ဆိုရင် Genocide မဖြစ်ဘူး။ အဲဒီတော့ ဘယ်လို Criteria နဲ့ သတ်မှတ်လဲဆိုတာတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ Regional အဖွဲ့အစည်းတွေရဲ့ ထင်မြင်သတ်မှတ်ချက်တွေပေါ် မူတည်တယ်။ အဲဒီလိုဟာမျိုး လေးချက်နဲ့ ကိုက်ညီမှဖြစ်တယ်။ နောက် ဆန္ဒပြတဲ့လူ သေနတ်နဲ့ ပစ်တာတောင်မှ ဒါဟာ Ethnic Cleansing မေးကြည့်မှသိမယ်။

မေး ။ ။ ဆရာပြောတာက Genocide ကို ဆင်းသွားတယ်။ ကျနော်က အဓိက ဗမာပြည်နဲ့ ပတ်သက်ပြီးတော့ Genocide တော့ မဟုတ်ဘူး။ Ethnic Cleansing ဆိုတာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင်က ပြောပါတယ်။ လူပေါင်း သုံးသိန်း ထွက်ပြေးနေရတယ်ဆိုရင် Genocide မခေါ်ရင် ဘယ်စကား သုံးမလဲဆိုပြီးတော့ သူက မေးတာရှိပါတယ်။

ဖြေ ။ ။ ဂူဒါရက် ပြောတာ ဖတ်လိုက်ရပါတယ်။ Guterres က Ethnic Cleansing မဟုတ်ရင်၊ ဘာဟုတ်မလဲဆိုတဲ့ သဘောမျိုးကို - သူ့စကားလုံး အသုံးအနှုန်းကို ကျနော် မမှတ်မိဘူး။ အင်္ဂလိပ်ဘာသာစကားနဲ့ ပြောတာကို။ အဲဒီတော့ (၆) သိန်း (၅) သောင်းဆိုတာက ကျနော် သိသလောက်တော့ မြန်မာအစိုးရက (၆၅၀) ဖြစ်တယ်၊ (၆၅၀၀) ဖြစ်တယ်၊ (၆၅၀၀၀) ပဲဖြစ်တယ်လို့တော့ မပြောပါဘူး။ (၆) သိန်း (၅) သောင်းလောက်ကို သူတို့ လက်ခံမယ်။ ပြောလိမ့်မယ် ကျနော်ကို ဦးကျော်ဇံသာနဲ့ ပြောတာကို ဖြစ်နိုင်ရင် မဖြတ်ပါနဲ့ … ဒီလူတွေက ဗိုလ်ဆန်တယ်။ အနောက်နိုင်ငံဆန်တယ်။ တိုင်းပြည်မချစ်ဘူး။ ကုလားချစ်တယ် .. အဲဒီလို ပြောမှာကို သိပ်စိုးရိမ်တယ်။ ဒါက အမှန်အတိုင်းပြောတာ။ မဆိုင်သော်လဲ - ဗိယက်နမ်က ကွန်မြူနစ်ဖြစ်ပြီး အသက်စွန့်ပြီး သိန်းနဲ့ချီပြီး လှေနဲ့သွားတဲ့အခါမှာ အဲဒီခေတ်က ဗိယက်နမ် ကွန်မြူနစ်ပါတီက ဒီကောင်တွေ သစ္စာဖောက်တွေ၊ ဘာတွေဖြစ်တယ်လို့ ပြောမှာပေါ့။ ထွက်ပြေးတယ်ဆိုကတည်းက Ethnic Cleansing ဟုတ်မဟုတ် ဆိုတာတော့ ကျနော်လည်း အမှန်အတိုင်းပြောရရင် Ethnic Cleansing ကို အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ Convention မရှိသေးဘူး။ အခုနပြောတဲ့ Genocide, Crimes against Humanity, War Crimes တို့ကို အဓိပ္ပါယ် ဖွင့်ဆိုထားတာတော့ ရှိတယ်။ Ethnic Cleansing ဟုတ်လောက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောတာ သူက ကျနော်ထက် ပိုသိမယ်လို့ ကျနော်ထင်တယ်။ အချက်အလက်အရ၊ ဥပဒေ အကြံပေးတွေလည်း ရှိမှာပေါ့။ အဲဒါကိုတော့ ကျနော် သုံးသပ်ပြီး၊ သူဖြေတာကို လက်ခံပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီအထဲမှာ တခုက အဓိပ္ပါယ်ဖွင့်ဆိုချက် ပေးတဲ့အခါမှာ R2P လုပ်လာပြီဆိုရင် အဲဒီထဲမှာပါဝင်တဲ့ လုပ်ငန်းတွေထဲမှာ Mediation လုပ်တာလည်းပါတယ်။ Early warning mechanism လည်းပါတယ်။ Economic sanction လည်းပါတယ်။ နောက်ပြီးတော့ Military Intervention ဆိုတာ နောက်ဆုံး Last resort အနေနဲ့ သုံးဖို့ဆိုတာကို ရေးထားတာ တွေ့ပါတယ်။ အခု မြန်မာနိုင်ငံကိုလည်း သူတို့ ဖြန်းဖြေဖို့ ကြိုးစားနေတယ်။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ အစိုးရနှစ်ဘက်ကြားမှာ။ နောက်ပြီးတော့ မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူဖို့၊ ဒဏ်ခတ်ဖို့ ဆိုတာလည်း သူတို့ပြောနေကြတယ်ဆိုတော့ တစိတ်တဒေသအားဖြင့် ဒီသဘောတော့ သက်ရောက်နေပြီဖြစ်တယ်လို့ မဆိုနိုင်ဘူးလား။

ဖြေ ။ ။ အဲဒါကတော့ ဟုတ်ပါတယ်။ အဆိုးဆုံးဟာကို ပြောရအောင်။ Military Intervention ဆိုတာကတော့ ကုလသမဂ္ဂ က အခု R2P ကို လုံခြုံရေးကောင်စီမှာ ၂၀၁၁ ခုနှစ်က လစ်ဗျားမှာ သတ်ဖြတ်မှုတွေ၊ ပုန်ကန်မှုတွေဖြစ်တော့ R2P ကို ကျနော်အမှတ်မမှားဘူးဆိုရင် လုံခြုံရေးကောင်စီ ကိုယ်တိုင်က အဲဒီအယူအဆကို Endorse လုပ်တာ။ အများစုက အာဖရိကနိုင်ငံတွေပါ။ ဒါပေမဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေကို လွှတ်ပြီးတော့၊ ကုလသမဂ္ဂက Military Intervention စစ်ရေးအင်အားအသုံးပြုပြီး လုပ်တယ်ဆိုတာက ပြီးခဲ့တဲ့ အနှစ် (၇၂) နှစ်အတွင်းမှာ (၂) ခါပဲ ရှိခဲ့တယ်။ ပထမဆုံးတခါ ၁၉၅၀ ခုနှစ် ဇွန်လက မြောက်ကိုရီးယားက တောင်ကိုရီးယားကို တိုက်တုန်းက အမေရိကန် ဗိုလ်ချုပ် MacArthur ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကုလသမဂ္ဂအလံကို အသုံးပြုပြီး မြောက်ကိုရီးယားကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ အဲဒီတုန်းက ဗမာတပ်တွေ မလွှတ်ခဲ့ပေမယ့် အဲဒီဟာကို ထောက်ခံတယ်လို့ ကျနော် နားလည်တယ်။

နောက်တခါ ၁၉၉၁ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်နဲ့ အမေရိကန်က တိုက်တာ။ အဲဒါကလဲ ကုလသမဂ္ဂ စစ်ပွဲမဟုတ်ဘူး။ ထိုစဉ်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အသက် (၉၈) နှစ်ရှိပြီဖြစ်တဲ့ Peru နိုင်ငံသား Pérez de Cuéllar ကိုယ်တိုင်က ပြောဆိုခဲ့ဖူးတယ်။ အဲဒီတော့ Military Intervention တော့ မပြောပါနဲ့တော့ အဲဒါ မဖြစ်ပါဘူး။ ဘာမှလဲ မျက်ကလူးဆန်ပျာ လုံးဝဖြစ်စရာ မလိုပါဘူး။ ဒါက ကုလသမဂ္ဂ သမိုင်းတောင်မှ နှစ်ခါထက် မပိုတဲ့ သာဓက ခပ်ဆင်ဆင်လေးပဲ ရှိခဲ့တယ်။

မေး ။ ။ ဆိုတော့ တခါ ကုလသမဂ္ဂ က လုံခြုံရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေ ပဋိပက္ခ ဖြစ်နေတဲ့နေရာ၊ စစ်ဖြစ်နေတဲ့နေရာတွေကို ပို့တာလည်း ကြားဖူးပါတယ်။ အထူးသဖြင့် ကတ်ရှမီးယား မြန်မာနိုင်ငံနဲ့ သိပ်မဝေးလှဘူးပေါ့။ အိန္ဒိယ နဲ့ ပါကစ္စတန် နိုင်ငံကြားမှာ အဲဒီလို ထိန်းထားခဲ့တာတွေ မကြာခဏ ကြုံခဲ့ဖူးပါတယ်။ ဆိုတော့ ဒီလိုကိစ္စမျိုး ဖြစ်လာနိုင်မလား။

ဖြေ ။ ။ အဲဒါလဲ အမှန်အတိုင်းပြောရင် ဖြစ်လာနိုင်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးကျော်ဇံသာပြောတာ ကျနော် အသိမပြည့်စုံလောက်တာ … ကတ်ရှမီးယားမှာ ကုလသမဂ္ဂတပ်ဖွဲ့တွေ အိန္ဒိယ နဲ့ ပါကစ္စတန်ကြားမှာ ချထားတယ်လို့တော့ ကျနော် မကြားမိဘူး။ ဒါပေမဲ့ ဦးကျော်ဇံသာ မှားတယ်လို့ ကျနော် မဆိုလိုပါဘူး။ ကျနော် သိတာက ဗမာနိုင်ငံနဲ့ သွယ်ဝိုက်သောနည်းနဲ့ သက်ဆိုင်တာက ၁၉၅၆ ခုနှစ် အာရပ်-အစ္စရေးလ် စစ်ပွဲအပြီးမှာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် ဆွိဒင်နိုင်ငံသား သဘောတူညီမှုနဲ့ ကုလသမဂ္ဂ ဖျန်ဖြေရေးတပ်ဖွဲ့ United Nations-American Peace Forces ကို Egypt နိုင်ငံ Sinai ကျွန်းဆွယ်မှာထားတယ်။ အစ္စရေးလ်မှာ ထားလို့မဖြစ်ဘူး။ သို့သော်လဲ ၁၉၆်၇ ခုနှစ် မေလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်လက်ထက်မှာ အီဂျစ်သမ္မတ Nasar က ကုလသမဂ္ဂတပ်ဖွဲ့တွေကို ရုတ်သိမ်းပေးပါလို့ သွားတောင်းဆိုတဲ့အခါမှာ ဦးသန့်ကိုယ်တိုင် Cario ကို သွားပြီးတော့ Nasar ကို မေတ္တာရပ်ခံပေမယ့် Nasar တင်းခံတာကြောင့် ကုလသမဂ္ဂ က ဖျန်ဖြေရေးတပ်ဖွဲ့တွေကို အီဂျစ်နိုင်ငံ Sinai ကနေ ဆုတ်ခွါပေးခဲ့ရတယ်။ တခြားနေရာတွေမှာလည်း ရှိတယ်။

ကျနော် ပြောချင်တာက စစ်ဖြစ်ခဲ့တဲ့၊ ဒါမှမဟုတ် တနိုင်ငံနဲ့ တနိုင်ငံကြားမှာ စစ်မဖြစ်သော်လဲ အင်မတန် ကြီးမားတဲ့ Tension များသောအားဖြင့် စစ်ဖြစ်ခဲ့တဲ့၊ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ Buffer လို့ခေါ်တဲ့ ဖျန်ဖြေရေးအနေနဲ့ ဖြစ်ပါတယ်။ အဲဒါကလဲ စကားအဖြစ် ပြောရုံပဲရှိမယ်။ ဘာမှ တွေးတောပူပန်နေစရာ မလိုဘူးလို့ ကျနော် ထင်ပါတယ်။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံ ခေါင်းဆောင်တချို့၊ တာဝန်ရှိတဲ့ လူတချို့ကို International Criminal Court ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး (သို့မဟုတ်) ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို တင်ဖို့ဆိုပြီး တချို့က Lobby လုပ်နေတယ်ဆိုတာလည်း ကြားပါတယ်။ အဲဒီကိစ္စကိုလည်း ပြည်သူတွေ သိချင်ကြပါလိမ့်မယ်။ ဆရာ ဥပဒေအကြောင်းအရ ထည့်ပြောပေးပါ။ ဘယ်လို အခြေအနေမှာ ဖြစ်နိုင်သလဲ။ တချို့နိုင်ငံတွေမှာ Kenya တို့ ဘာတို့မှာ သမ္မတ Uhuru Kenyatta လည်း တင်တာပဲ ဘာမှမဖြစ်ပါလား။ အဲဒါမျိုးလည်း ကျနော် စဉ်းစားမိတယ်။ ဆရာ ဥပဒေအကြောင်းအရ ရှင်းပြပေးပါ။

ဖြေ ။ ။ ဥပဒေအကြောင်းအရ ရှင်းပြပေးပါမယ်။ နံပါတ်တစ် - အပြည်ပြည်ဆိုင်ရာ ဥပဒေ ဆိုတာ ပြည်တွင်းဥပဒေနဲ့ မတူပါဘူး။ ပြည်တွင်းဥပဒေမှာတောင်မှ တချို့ အမှုတွေ ဆိုရင် အမေရိကန်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် ကျနော် လွန်ခဲ့တဲ့ (၁၅) နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ Vanuatu ကျွန်းနိုင်ငံ၊ Enforcement က မတူပါဘူး။ တချို့ ပါဝါရှိတဲ့လူတွေ၊ အာဏာရှိတဲ့ လူတွေ၊ ငွေရှိတဲ့လူတွေ၊ အမေရိကန်ဖြစ်ဖြစ်၊ ရုရှားဖြစ်ဖြစ်၊ လာအိုဖြစ်ဖြစ် အနည်းနဲ့ အများတော့ ပါးစပ်က Rule of Law သင်ပြောဆိုနေသော်လည်း တူညီစွာ မဖြစ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ အများစု နိုင်ငံတခုကို Enforce လုပ်ဖို့ မဖြစ်ဘူးဆိုတာ Mechanism အကောင်အထည်ဖော်ဖို့၊ အရေးယူဖို့ဆိုတာ ပြည်တွင်းဥပဒေထက် ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးခက်ခဲပါတယ်။

XS
SM
MD
LG