တပ်မတော်မှာ မျိုးဆက်သစ်ဗိုလ်ချုပ်တွေကို အရေးကြီးတဲ့နေရာတွေမှာ တိုးမြှင့်ခန်ထားလိုက်တဲ့ ကိစ္စဟာ မြန်မာ့နိုင်ငံမှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေနိုင်ပါသလဲ၊ ဒီမိုကရေစီထွန်းကားရေး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး ငြိမ်းချမ်းရေးတို့နဲ့ ပတ်သက်ပြီး ဒီမျိုးဆက်သစ် စစ်ခေါင်းဆောင်တွေ အမြင်တွေ ချဉ်းကပ်ပုံတွေ ပြောင်းလဲလာနိုင်ပါသလား။ မြန်မာ့မူဝါဒရေးရာ သုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မျိုးဆက်သစ်ဗိုလ်ချုပ်တွေ ရာထူးတိုးတဲ့ သတင်းအပေါ် ဦးတင်မောင်သန်း က အခုလို စဆွေးနွေးပါတယ်။
ဖြေ ။ ။ ပုံမှန်အပြောင်းအရွှေ့နဲ့ ရာထူးတိုး လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဒါထက်ပိုပြီး ထူးထူးခြားခြားတော့ ကျနော် မမျှော်လင့်ပါဘူး။ ယေဘုယျအားဖြင့်တော့ လူငယ်တွေ ဝင်လာတယ်။ အရင်နဲ့မတူတဲ့ အတွေ့အကြုံတွေရခဲ့တဲ့ လူငယ်တွေ ဝင်လာတယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းမှာ တစုံတရာတော့ သက်ရောက်မှုရှိပါတယ်။ မရှိဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲတယ်လို့ ပြောရလောက်အောင် အပြောင်းအလဲတခု ဖြစ်ဖို့ဆိုရင်တော့ လုပ်ပိုင်ခွင့် ဖွဲ့စည်းတည်ဆောက်ထားပုံတွေ ပြောင်းလဲဖို့လိုတယ်။ အဲဒီလူငယ်တွေက။ မဟုတ်လို့ရှိရင် တည်ဆဲလုပ်ပိုင်ခွင့်စနစ်နဲ့ တည်ဆောက်ဖွဲ့စည်းထားပုံတွေအတိုင်းပဲ အဲဒီလူငယ်တွေက လိုက်ကရင်နဲ့ သူတို့ပါ လူကြီးတွေလိုပဲ အဟောင်းပြန်ဖြစ်သွားတယ်။ ဒါက စစ်တပ်မှမဟုတ်ဘူး။ အုပ်ချုပ်မှုစနစ်တွေမှာလည်း ဒီအတိုင်းသွားတာကို တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့က ကြည့်ပြီဆိုလို့ရှိရင် ဘေးကအကဲခတ်တဲ့ လူတယောက်အနေနဲ့ စနစ်အပြောင်းအလဲအတွက်များ ဘာကိုလုပ်သလဲဆိုတာကို အဓိကထားပြီးတော့ လေ့လာအကဲခတ်ရပါတယ်။
ဒီတချိန်မှာလဲ ဒီတကြိမ်မှာလဲ တပ်မတော်က ပထမဦးဆုံး ပိတ်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်မြဲဖြစ်နေဆဲပါပဲ။
မေ ။ ။ တပ်မတော်ဆိုတာက လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဘာညာ အရပ်သားအဖွဲ့အစည်းနဲ့ ကွာခြားတာကတော့ သူတို့ကတော့ အထက်အမိန့်ကိုပဲ အတိအကျလိုက်နာရတယ်ဆိုတော့ အထက်ကအမိန့်ပေးမှာကတော့ တပ်ချုပ်ကပဲ အမိန့်ပေးမယ်လို့ ထင်ရတာပဲ မြန်မာနိုင်ငံမှာ မဟုတ်ဘူးလား။
ဖြေ ။ ။ အောက်ကလူကလဲ တပ်ချုပ်မျက်နှာရအောင် လုပ်ရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်ပိုင်ခွင့်တည်ဆောက်ပုံက ဒါက အနည်းနဲ့အများ အတိုင်းအဆမှာပဲ ကွာတယ်။ အထက်အာဏာရှိတဲ့လူကို မျက်နှာရအောင် လုပ်ရတယ်။ တကယ်တော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ စနစ်က အထက်လူကြီးကို စီမံခန့်ခွဲရတာ ပိုပြီးတော့ များပါတယ်။ ပြဿနာကို စီမံခန့်ခွဲတာထက်။
မေ ။ ။ ဆိုတော့ အခုတပ်မတော်မှာ တပ်ချုပ်အဖွဲ့ကလည်း သတ်မှတ်ထားတဲ့ Extended လုပ်ထားတဲ့ သက်တမ်းက ပြည့်လာပြီလို့ ထင်ပါတယ်။ အဲဒီတော့ သူသွားမယ်ဆိုရင် အခုရှိနေတဲ့ (၅၀) အောက် လူငယ်တွေထဲက တပ်ချုပ်နေရာကို ရောက်လာမယ့်ဆိုရင်ကော အလားအလာ တမျိုးတမည် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်စရာ ရှိပါလား။
ဖြေ ။ ။ မျှော်လင့်စရာ လက္ခဏာတော့ ကျနော်တော့ မတွေ့သေးဘူး။ များသောအားဖြင့် အပြောင်းအလဲတွေက ဘယ်လိုဖြစ်တတ်သလဲဆိုရင် ပြောင်းချင်တဲ့သူ ကိုယ်တိုင်က နှစ်ဟောင်းထဲမှာ စိတ်ရှည်လက်ရှည်နဲ့ စောင့်ရတယ်။ ပြီးရင် သူလုပ်ပိုင်ခွင့် ရလာပြီဆိုမှ သူပြောင်းချင်တဲ့အချက်ကို သူက တဖြည်းဖြည်းနဲ့၊ ပြီးရင် ပိုပြီးအရှိန်ဟုန်မြှင့်ပြီး ပြောင်းကြရတာမျိုး။ ဒါက များသောအားဖြင့် ဒီစနစ်အတွင်းထဲကမှ ပြောင်းလဲတဲ့ အပြောင်းအလဲတွေမှာ တွေ့ရတယ်။ ဥပမာအားဖြင့် ဆိုဗီယက်ယူနီယံမှာ Gorbachev ဆိုရင် အရင်လူတွေမှာ အသားလေးပြန်ပြီး နေခဲ့ရတယ်။ ပြီးတော့မှ အပြောင်းအလဲတွေကို လုပ်ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင်လဲ ဦးသိန်းစိန်လည်း ဒီလိုပဲပေါ့။
သူလုပ်ပိုင်ခွင့်အာဏာ ရလာပြီဆိုတဲ့အချိန်မှာပဲ လုပ်ရတယ်။ ဒါကြောင့်မို့ ယေဘုယျအားဖြင့် အဲဒီလူတွေက သူတို့ပြောင်းချင်တာကိုလဲ ပေါ်ပေါ်ထင်ထင် မပြတတ်ပါဘူး။ ပြလိုက်တာနဲ့ သူက စနစ်ထဲမှာ ရှင်သန်နိုင်ဖို့ ခက်တတ်ပါတယ်။
မေ ။ ။ အဲဒီတော့ အပြောင်းအလဲကို တွန်းအားပေးလာတာ သူ့စိတ်ထဲမှာ ပြောင်းလဲစေဖို့အတွက် သူတို့ကို ဘယ်အချက်တွေက တွန်းအားပေးသလဲ။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒလား။ သို့တည်းမဟုတ် လူ့အဖွဲ့အစည်းကို သူတို့မြင်ပြီးတော့ ဒီလိုပြောင်းလဲမှ ငါတို့လူ့အဖွဲ့အစည်း တိုးတက်မယ်ဆိုတဲ့ ကိစ္စတွေ ရှိမယ်ထင်ပါတယ်။ ဆိုတော့ သူတို့က ဒီအတွက် သင်ယူခဲ့မှု၊ သူတို့ကို လေ့ကျင့်ပေးလိုက်တဲ့ ပညာရေးတွေနဲ့ ဆိုင်မယ်ထင်လား။ အဲဒီတော့ သူတို့ အခုသင်ခဲ့ရတာကော လူသစ်တွေက ဒီပုတ်ထဲက ထွက်လာတဲ့လူတွေပဲလို့ အရပ်သားစကားနဲ့ ပြောရမလား။
ဖြေ ။ ။ ဒီလိုတော့လဲ ကောက်ချက်ဆွဲလို့ မရဘူး။ ကျနော်ထင်တာကတော့ ယေဘုယျအားဖြင့်တော့ တကယ်ထက်ထက်မြတ်မြတ်ရှိတဲ့ လူတွေ၊ ခေါင်းဆောင်အရည်အသွေးရှိတဲ့ လူတွေက ဘယ်လိုလုပ်ကိုင်ပုံတွေကတော့ ငါတို့တပ်မတော်နဲ့ မသင့်တော်ဘူး။ အဆင်မပြေဘူး။ ငါသာ လုပ်ပိုင်ခွင့်ရရင်တော့ ဘယ်လိုပြောင်းမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ သူ့အလိုလို ရှိတတ်ကြပါတယ်။ နောက်တခါ အပြင်ကို သွားရောက်လေ့လာခွင့် ရကြတဲ့လူတွေ၊ အပြင်ကိုကြည့်ခွင့်ရတဲ့ လူတွေ။ အခြားနိုင်ငံတွေရဲ့ လုပ်ကိုင်ပုံတွေကို တွေ့လာတဲ့လူတွေ၊ ဒီလိုအခြေအနေမျိုးမှာလဲ တွေ့တတ်ပါတယ်။ နောက်တခုက အကျပ်အတည်းကြုံရတဲ့ဟာမျိုး။ အဲဒီလို အကျပ်အတည်းကြုံရပြီဆိုရင်တော့ အပြောင်းအလဲတွေကို စပြီးစဉ်းစားလေ့ ရှိတတ်ပါတယ်။ များသောအားဖြင့်တော့ အခုန အချိန်စောင့်တဲ့နည်းရယ်၊ အကျပ်အတည်းရယ်ပေါ့။ ဥပမာ ICJ လိုဟာမျိုးက ဒါက တစ်ခုခုကို လုပ်ဖို့အတွက် စပြီးတော့ စိန်ခေါ်ချက် ရင်ဆိုင်ရတဲ့ဟာမျိုး။ တပ်မတော်အတွက် ဆိုလို့ရှိရင်။ ဥပမာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားမလဲ။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားမလဲ။ ဒီအရာတွေက မလွှဲမသွေ ကြုံလာရတယ်။ ဒါမျိုးတွေကတော့ အပြောင်းအလဲကို သွားတဲ့ဟာတွေ ဖြစ်တတ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်သူတွေ မျှော်လင့်ထားသလို တပ်မတော်က နိုင်ငံရေးက ဆုတ်မှာလား။ ရွေးကောက်တင်မြှောက်ထားတဲ့ လူတွေက ကာကွယ်ရေးနဲ့ တပ်မတော်ရေးရာကိစ္စတွေမှာ ပါဝင်ဆုံးဖြတ်ခွင့် ရမှာလား။ ဒါတွေကတော့ နည်းနည်းဝေးအုံးမယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက္ခဏာတွေ မပြသေးဘူး။ မတွေ့ရသေးဘူး။
မေ ။ ။ ဒါပေမဲ့ အခုတော့ မြန်မာနိုင်ငံမှာလဲ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက ကျွမ်းကျင်သူတွေလဲ မြန်မာ့တပ်မတော် အရာရှိတွေကို သွားပြီးတော့ lecture ပေးတာတွေ၊ ဆွေးနွေးတာတွေ၊ မကြာခဏဆိုသလို ကျနော် ကြားနေရပါတယ်။ အဲဒီဟာက ဘယ်လောက်အထိ ထိရောက်မှု ရှိပါသလဲ။ ဒီ ပုဂ္ဂိုလ်တွေရဲ့ သဘောထားကို ဘယ်လောက်အထိ ပြောင်းလဲနိုင်မလဲ။ တွန်းအားပေးနိုင်မလဲ။
ဖြေ ။ ။ တစုံတရာတော့ သက်ရောက်မှု ရှိပါတယ်။ အသိပညာပေးတဲ့ လုပ်ငန်းတွေအကုန်လုံးက စဉ်းစားစရာ ဖြစ်တယ်။ အထူးသဖြင့် တပ်မတော်ထဲမှာလဲ အဲဒီလို စဉ်းစားတဲ့ခေါင်းဆောင်တွေ ရှိတတ်ပါတယ်။ လုပ်ပိုင်ခွင့်က အဓိကပေါ့။ ဆိုတဲ့အခါကြတော့ အဲဒီလို မြင်သာတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ဒါတွေကတော့ အခုနပြောတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို သွားပြီးပြောတဲ့ အကြောင်းအချက်တွေ၊ သင်ကြားတဲ့လူတွေ၊ ဒီလိုသိတဲ့လူတွေ၊ ဒါမျိုးတွေဆိုရင် သူတို့တွေ နားထောင်တတ်ပါတယ်။ ထဲထဲဝင်ဝင်လည်း ဆွေးနွေးတတ်ပါတယ်။ တယောက်ချင်းအနေနဲ့ ပြောလို့ရှိရင် တပ်မတော်သားတွေ အကုန်လုံးကလဲ ကျနော်တို့လိုပါပဲ။ သိပ်ထူးထူးခြားခြား ကျနော် မတွေ့ဘူး။ သူတို့လဲ သင်ယူချင်တယ်။ လုပ်ချင်တယ်။ တိုင်းပြည်လည်း ကောင်းစေချင်တယ်။ ဒီလိုစိတ်ထားမျိုး သူတို့မှာ ရှိပါတယ်။ သို့သော် စနစ်သဘောအရ လုပ်ရကိုင်ရတာ ခက်တာတွေလဲ သူတို့ရင်ဆိုင်နေရပါတယ်။
မေ ။ ။ နောက်တခုက အဲဒီမှာ တပ်မတော်က နိုင်ငံရေးက လုံးဝနောက်ဆုတ်သွားရမယ်။ အရပ်သားရဲ့ အမိန့်အာဏာအောက်မှာ နေမယ်ဆိုတဲ့အဆင့်အထိကတော့ သိပ်ဝေးလွန်နေသေးတယ်ပေါ့။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ကိစ္စတွေမှာကော သူုတို့ရဲ့ သဘောထား စောစောစီးစီး ပြောင်းလာနိုင်မယ့် အခြေအနေတွေ။ လောလောဆယ်မှာ အရေးကြီးနေတာက ဒီကိစ္စပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ကော ဆရာ ဘယ်လိုမြင်ပါသလဲ။ အခုတလောလုံးကလဲ သူတို့ဘက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပစ်ခတ်ရပ်စဲရေးကို ကြေညာတယ်။ ဟိုဘက်ကလဲ ကြေညာတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက ပါးစပ်ကသာ ပြောနေပြီးတော့ လက်တွေ့မှာတော့ ဘာမှဖြစ်လာတာ မတွေ့ဘူး။ ဒီကိစ္စကိုလဲ နည်းနည်းသုံးသပ်ပေးပါ။
ဖြေ ။ ။ ငြိမ်းချမ်းရေးကတော့ တပ်မတော်ကလည်း လိုချင်တယ်လို့ ကျနော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အမျိုးသားဒီမိုကရေစီ အစိုးရ တက်လာတဲ့အချိန်မှာ တပ်မတော်က ဒီ (၅) နှစ်အတွင်းမှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြောခဲ့တာတွေလဲ ရှိတယ်။ ဒါတွေက စိတ်အမှန်နဲ့ ပြောတယ်လို့ပဲ ယူဆပါတယ်။ ဒါပေမဲ့ တကယ့်ဆွေးနွေးတဲ့ အနေအထားတွေထဲ ဝင်သွားပြီးဆိုတဲ့အခါမှာ အခက်အခဲတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်တယ်။ ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ မပါတဲ့အတွက်ကြောင့်မို့ အသေးစိတ်တော့ ကျနော်တို့ မသိဘူး။ အပြင်က ကြည့်ရတဲ့အမြင်နဲ့ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ အမြင်အယူအဆတွေက ကွာနေတာတွေ ရှိတယ်။ တိုင်းရင်းသားတွေဘက်က လက်နက်ကိုင်တွေဘက်ကကြည့်ရင် သူတို့က သံသယရှိတာတွေ ရှိတယ်။ ဘာကြောင့်လဲ သမိုင်းနဲ့ ပြန်ချီပြီးတော့လဲ သံသယ ရှိထိုက်တဲ့ အနေအထားမှာ ရှိတယ်။ ဆိုတော့ စုံလိုက်ပြောင်းတဲ့ ချဉ်းကပ်ပုံမျိုးက ယုံကြည်မှုကပဲ စကားပြောလာတဲ့အခါကြတော့ ယုံကြည်မှု တည်ဆောက်မှုတွေက နည်းတဲ့အခါမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ရှေ့မတိုး နောက်မဆုတ် အဲဒီလို အခြေအနေမျိုးကို ရောက်ရှိနေတယ်။
မေ ။ ။ လက်ရှိကတော့ တိုင်းရင်းသားတွေဘက်က အဓိက ပြောနေတာက စကားနှစ်ခွန်းပဲ။ ခွဲမထွက်ရေးကိစ္စ။ ကျနော်တို့ ခွဲမထွက်ပါဘူးလို့ ပြောထားတာကို စာချုပ်ထဲမှာထည့်ပြီးတော့ ခွဲမထွက်ပါဘူးလို့ ထပ်ပြီးလက်မှတ်ထိုးခိုင်းတယ်ဆိုတာ။ ဟိုဘက်ကလဲ ခွဲမထွက်ဘူးပြောတယ်။ ဒီဘက်ကလဲ ခွဲမထွက်စေချင်ဘူး။ နှစ်ဘက်စလုံးက ဆန္ဒတူညီစွာနဲ့ အဲဒီမှာ လက်မှတ်ထိုးဖို့ မထိုးဖို့က ဘာအရေးကြီးတဲ့ကိစ္စလဲ။ သာမန်စဉ်းစားရင်။ နောက်တချက်က တခုတည်းသော တပ်မတော်။ တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှာမဆို တပ်မတော်ပေါင်း မြောက်မြားစွာ ရှိရမှာလဲ။ ဒါပေမဲ့ အဲဒီထဲမှာ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ။ တိုင်းရင်းသားတွေကလဲ သူတို့ဖြစ်စေချင်တဲ့ တိုင်းရင်းသားတွေ အရင်တုန်းက ထင်ထားကြတာက သူတို့တိုင်းရင်းသားတွေက ထိပ်တန်းပိုင်းရောက်ရင် တိုင်းရင်းသားတွေက ရာထူးမရကြတော့ဘူး။ အဲဒါမျိုးတွေ စသည်ဖြင့် ဒီလိုအယူအဆတွေရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော် အဓိက အဲဒီနှစ်ခုပဲ ကြားတယ်။ အဲဒီနှစ်ခုက ဘာဖြစ်လို့ ဒီလောက်တောင် နှစ်ဘက်စလုံး ဆန္ဒရှိကြရဲ့သားနဲ့ မပြေလဲနိုင်ရသလဲဆိုတာကို အတော်လေး စဉ်းစားရခက်နေတယ်။
ဖြေ ။ ။ လက်တွေ့အနေနဲ့ ကြည့်ပြီးဆိုတဲ့အခါကြတော့ အပြောထက် လက်တွေ့က ဘာလဲ။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ တိုင်းရင်းသားတွေဘက်ကို နားလည်နိုင်တဲ့ အချက်တွေ တော်တော်များများ ရှိပါတယ်။ ဥပမာအားဖြင့် အခုဆိုရင်တော့ တိုင်းရင်းသားထဲက တပ်မတော်ခေါင်းဆောင်တွေကို ရာထူးကြီးကြီးတွေကို စပြီးတော့ ပေးလာပြီ။ အခုန ဆရာပြောသွားသလိုပဲ။ ဒါပေမဲ့ အရင်တုန်းကဆိုရင် အဲဒီလို မဟုတ်ဘူး။ လက်တွေ့မှာ။ တိုင်းရင်းသားတွေသာမကဘူး၊ တချို့ဆိုရင် ဘာသာတရားနဲ့တောင် ကြည့်ပြီးတော့၊ ထုတ်ခဲ့တယ်လို့ ခံစားရတဲ့ အရပ်ဘက်ရောက်တဲ့ တပ်မတော်အတွက် အရာရှိကြီးတွေ၊ သူတို့ကိုယ်တိုင်ပြောတာ ကျနော်တို့ကို အဲဒီလိုပဲ ပြောပါတယ်။ ဆိုတော့ အနည်းဆုံး အဲဒီခံစားချက်က တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ တပ်မတော်သားတွေကြားထဲမှာ ခံစားချက် ရှိနေပါတယ်။ ဒါက တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲမှာ ရှိတာမဟုတ်ဘူး။ တပ်မတော်ထဲက တပ်မတော်သားတွေထဲမှာလည်း ရှိတာကို သွားတွေ့ရတယ်။ အထူးသဖြင့် တပ်မတော်အငြိမ်းစား၊ ပုဂ္ဂိုလ်ကြီးတွေကြားထဲမှာလဲ ရှိခဲ့တာကို တွေ့ရတယ်။ ဒါတွေက အခုန ယုံကြည်မှုကို နည်းစေတယ်။ ဒါကြောင့်မို့ ပိုပြီးခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေး လက္ခဏာတွေကို ပိုပြီးကြည့်တယ်။ ဒါကြောင့်မို့ လုပ်ရကိုင်ရတာလဲ ငြိမ်းချမ်းရေးက ရှေ့တိုးဖို့လဲ ခက်တာတွေကို သွားတွေ့ရတယ်လို့ တစိတ်တပိုင်းအားဖြင့် ပြောလို့ရပါတယ်။
==Unicode==