ဗီယက်နမ်သမ္မတငွင်ရွှမ်ဖုခ် (Nguyen Xuan Phuc) ဟာ အင်္ဂါနေ့မှာ အနားယူလိုက်တယ်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။ သူ့ကို ရာထူးကဖြုတ်တော့မယ်လို့ ကောလဟလ သတင်းတွေ ထွက်ခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။
ဝန်ကြီးချုပ်တာဝန်ယူထားစဉ် ၂၀၁၆ က ၂၀၂၁ အတွင်း သူ့လက်အောက်က အကြီးတန်းဝန်ကြီးတွေ အမှားလုပ်ခဲ့တာအတွက် သမ္မတဖုခ်မှာ တာဝန်ရှိကြောင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီက ဆုံးဖြတ်ခဲ့တာပါ။ ဒုတိယ ဝန်ကြီးချုပ် ၂ ယောက် နဲ့ ဝန်ကြီး ၃ ယောက် အပါအဝင် တာဝန်ရှိသူဝန်ရှိသူတွေ ကျူးလွန်ခဲ့တာတွေအတွက် သမ္မတဖုခ်က နိုင်ငံရေးအရ တာဝန်ယူလိုက်တာဖြစ်တယ်လို့ ဗဟိုကော်မီတီ ရဲ့ တရားဝင် ထုတ်ပြန်ချက်ကို ကိုးကားပြီး၊ နိုင်ငံတော်ပိုင် VNA သတင်းဌာန က ဆိုပါတယ်။
ဒီလအစောပိုင်းကပဲ အမျိုးသားလွှတ်တော်ကနေ ဒုတိယ ဝန်ကြီးချုပ်နှစ်ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ရာမှာ အကျင့်ပျက်ခြစားမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး အစိုးရတာဝန်ရှိသူနဲ့ စီးပွါးရေးသမား ၁၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအတွင်း နေရပ်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သံတမန်နဲ့ ရဲအရာရှိ ၃၇ ယောက်ကို အရေးယူခဲ့တာပါ။
တိုင်းပြည်ပေါင်း ၆၀ ကနေ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရာမှာ စင်းလုံးငှါးလေယာဉ် ခရီးစဉ် ၈၀၀ ကို ဗီယက်နမ်က စီစဉ်ခဲ့ပါတယ်။ ခုလို သမ္မတငွင်ရွှမ်ဖုခ် အနားယူလိုက်တာဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ရဲ့ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဗီယက်နမ် စီးပွါးရေးနဲ့ မဟာဗျူဟာလေ့လာရေး အဖွဲ့က သုတေသီငွင်ခါ့ခ်ဇန် (Nguyen Khac Giang) က ဆိုပါတယ်။ သူ့အရင်က ကျန်းမာရေးကြောင့် သမ္မတဦးသာ ရာထူးက အနားယူဖူးပါတယ်။
[Unicode]
ဗီယကျနမျသမ်မတ ရာထူးကနုတျထှကျ