အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှု အသစ်တွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး အထူးလွှတ်တော် အတွက် ကိုယ်စားလှယ် ရွေးချယ်မှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ဗင်နီဇွဲလားရဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ လည်း ဆိုပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ဗင်နီဇွဲလားရဲ့ အထူးလွှတ်တော်ကို သမ္မတ မာဒူရိုက ဆက်ပြီး လုပ်နေမယ်ဆိုရင် ပြင်းထန်ပြီး စီးပွားရေးဆိုင်ရာ အပြောင်းအလဲ ဖြစ်စေမယ့် လုပ်ရပ်ကို ဆောင်ရွက် သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်က ခြိမ်းခြောက်မှု အတိုင်း ဆက်ပြီး လုပ်ဆောင်သွားဖို့ အဆင်သင့် ပဲလို့ အိမ်ဖြူတော် အရာရှိတွေက မနေ့ကပဲ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ်မာဒူရိုကို အာဏာရှင် လုံး၀ ဖြစ်သွားစေမယ့် လမ်းကြောင်းကို အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် သမ္မတ ထရမ့်အစိုးရရဲ့ အဆင့်မြင့် အရာရှိတဦးက ပြောပါ တယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ကာကွယ်ရေး ဝန်ကြီး အပါအဝင် ဗင်နီဇွဲလား အဆင့်မြင့် အရာရှိ တော်တော်များများကို အရေးယူ ပိတ်ဆို့ဖို့ အမေရိကန်ဘက်က ပြင်ဆင်နေတဲ့ အကြောင်း ရိုက်တာစ် သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
စီးပွါးရေးအရ ကျယ်ကျယ်ပြန့်ပြန့် အရေးယူမှုတွေ လုပ်ဖို့လည်း အမေရိကန်ဘက်က စဉ်းစားနေတဲ့ အကြောင်း ဒီအစီအစဉ်တွေ အားလုံး ဆောင်ရွက်ဖို့အသင့်ဖြစ်နေတဲ့ အကြောင်း ရိုက်တာစ်သတင်းက ဆိုပါတယ်။