သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှု မပြုဖို့ ဝန်ကြီး Tillerson ကို သမ္မတ Trump ပြော


တောင်ကိုရီးယားနိုင်ငံမှာတွေ့ရတဲ့ အမေရိကန်သမ္မတ Trump နဲ့ မြောက်ကိုရီးယား သမ္မတ Kim Jong Un
တောင်ကိုရီးယားနိုင်ငံမှာတွေ့ရတဲ့ အမေရိကန်သမ္မတ Trump နဲ့ မြောက်ကိုရီးယား သမ္မတ Kim Jong Un

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားပြီး သူ့ရဲ့အချိန်တွေကို ဖြုန်းပစ်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။

“အားတွေ သိမ်းထားပါ Rex ၊ လုပ်ရမှာကို ကျနော်တို့ လုပ်ကြပါမယ်” လို့ မစ္စတာထရမ့်ပ် က Twitter မှာ တနင်္ဂနွေနေ့က ရေးပါတယ်။ နောက်ထပ် နာရီပိုင်း အကြာမှာတော့ Rocket Man ကို ကောင်းကောင်း ဆက်ဆံခဲ့တာ ၂၅ နှစ်ကြာ အလုပ်မဖြစ်ခဲ့ဘူး၊ အခုမှ ဘာ့ကြောင့် အလုပ်ဖြစ်လာမှာလဲ၊ ကလင်တန် မအောင်မြင်ဘူး၊ ဘုရှ်လဲ မအောင်မြင်ဘူး၊ အိုဘားမားလဲ မအောင်မြင်ဘူး၊ ကျနော်ကတော့ မအောင်မမြင် အဖြစ်မခံဘူးလို့ သမ္မတ ထရမ့်ပ်က ထပ်ရေးပါတယ်။

Kim Jong Un ကို Rocket Man လို့ နာမည်ပြောင်တပ် ခေါ်ဆိုတာကို အကြီးအကျယ် စော်ကားချက် တခုအဖြစ် ယူဆတယ်ဆိုတာ မြောက်ကိုရီးယားက ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။

သမ္မတက Twitter မှာ အဲဒီလိုတွေ ရေးထားတဲ့ကြားမှာပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Heather Nauert ကတော့ မြောက်ကိုရီးယားမှာ နျူလီးယားစွမ်းရည် ရသွားမှာ မဟုတ်ဘူး၊ ဒါဟာ သံတမန်ရေး နည်းလမ်းကတဆင့် ဖြစ်မလား၊ အင်အားသုံးတဲ့ နည်းလမ်းကနေ ဖြစ်မလား ဆိုတာကတော့ မြောက်ကိုရီးယား အစိုးရပေါ် မူတည်တယ်လို့ Twitter မှာ ရေးပါတယ်။

Kim Jong Un အတွက် သံတမန်လမ်းကြောင်း ဖွင့်ထားဆဲဖြစ်ပြီး အမြဲတမ်းတော့ ပွင့်နေမှာ မဟုတ်ဘူးလို့လဲ ပြောခွင့်ရ Nauert က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG