သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်ပစ်ပြန်ပြီ


မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစင်းဟာ ဂျပန်နိုင်ငံမြောက်ပိုင်းကို ကျော်ပြီး ပစိဖိတ်သမုဒ္ဒရာထဲ ကျသွား တယ်လို့ ဂျပန်အစိုးရက ပြောတဲ့အကြောင်း NHK ဂျပန်သတင်းဌာနက ရေးပါတယ်။ ဒုံးကျည် အပျက်အစီး အပိုင်းအစ ဖြစ်နိုင်ခြေ အရာတွေနားကို မကပ်ဖို့ ဂျပန်အစိုးရက လူထုကို သတိပေးထားတယ်လို့လဲ သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ခပ်စိတ်စိတ် လုပ်လာပြီးတဲ့နောက် သိပ်မကြာခင်ကပဲ ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ပြီးတဲ့နောက် သောကြာနေ့မနက် အစောပိုင်းမှာ အခုထပ်ပြီး ဒုံးကျည် ပစ်လွှတ်တဲ့သတင်း ထွက်လာတာပါ။

သောကြာနေ့က ပစ်လွှတ်တဲ့ဒုံးကျည်ဟာ ဂျပန်နိုင်ငံပေါ်ကနေ မြောက်ကိုရီးယားဒုံးကျည် ကျော်ပစ်တာ ၆ ကြိမ်မြောက်ဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးပစ်လွှတ်ခဲ့တာက သြဂုတ်လ ၂၉ ရက်နေ့ကဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ကတော့ မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးတလုံးကို ဖောက်ခွဲစမ်းသပ်တယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

မြောက်ကိုရီးယားက ခုလိုနောက်ထပ် Missile ဒုံးကျည်ပစ်လွှတ်တဲ့ သတင်းထွက်မလာခင် နာရီပိုင်းအလိုမှာပဲ မြောက်ကိုရီးယားအပေါ် နောက်ထပ်တုံ့ပြန်မှုသစ် ထပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့ကမြောက်ကိုရီးယားက အင်အားပြင်းဖေါက်ခွဲစမ်းသပ်မှုကြီးကို ပြုလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့ကပဲ ပြင်းထန်တဲ့အရေးယူ ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တာပါ။ အမေရိကန်က မြောက်ကိုရီးယားအပေါ် ဘယ်လိုအရေးယူမလဲဆိုတာကို မပြောနိုင်ပေမဲ့ တရုတ်သမ္မတ ရှီဂျင်းပင်နဲ့အနီးကပ်ဆက်သွယ် အားထုတ်ဆောင်ရွက်နေပြီး မကြာခင်သိရမယ်လို့ သမ္မတ Trump ကပြောပါတယ်။ အမေရိကန်မှာရှိနေသူတွေအတွက် အင်မတန်လုံခြုံမှုရှိစေအောင် လုပ်နေတာဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

XS
SM
MD
LG