သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲအတွက် ပြည်ပဆိုက်ဘာ အန္တရာယ် ထောက်လှမ်းရေး သတိပေး


ကွန်ပျူတာဖန်သားပြင်မှာ မြင်ရတဲ့ ဆိုက်ဘာကုတ်ဒ်များ။
ကွန်ပျူတာဖန်သားပြင်မှာ မြင်ရတဲ့ ဆိုက်ဘာကုတ်ဒ်များ။

(Zawgyi / Unicode)

အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရက် နီးကပ်လာတာနဲ့အမျှ အမေရိကန် ရွေးကောက်ပွဲစနစ်အပေါ် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အသစ်တွေကို တွေ့လာနေရတယ်လို့ ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းတွေကပဲ နိုင်ငံရပ်ခြားက တိုက်ခိုက်သူတွေက အမေရိကန် မဲဆွယ်စည်းရုံးရေးအဖွဲ့တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ တခြား နိုင်ငံရေး ပစ်မှတ်တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပေါက်ကြားအောင် ကြိုးပမ်းနေကြတယ်လို့လည်း ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် မဲဆန္ဒရှင်တွေ အမြင်မှား ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်အောင်လည်း နိုင်ငံရပ်ခြားက အုပ်စုတွေက မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ချိနေတယ်လို့လည်း ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီက Joe Biden ရဲ့ မဲဆွယ်စည်းရေး အဖွဲ့ကလည်း ဆိုက်ဘာတိုက်ခိုက်မှု မျိုးစုံကို ကြုံတွေ့ခဲ့ရတယ်လို့ ဒီအပတ်ထဲ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရန်ဘက်နိုင်ငံတွေကို အသုံးဝင်တဲ့သတင်းတွေ ပေးမိမှာ စိုးရိမ်တာကြောင့် ဘယ်လိုတိုက်ခိုက်ခံရသလဲ ဆိုတာကိုတော့ Biden ရဲ့ မဲဆွယ်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကတော့ နိုင်ငံရပ်ခြားက အန္တရာယ်ပေး နှောင့်ယှက်မှုတွေ မရှိဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ မဲပေးရာမှာ ရှုပ်ထွေးမှုမရှိအောင် နိုင်ငံတဝန်း မဲပေးသူတွေမှာ မဲဆန္ဒရှင် မှတ်ပုံတင်ကတ် ရှိရမယ်ဆိုတဲ့ ရီပတ်ဘလစ်ကန်ပါတီက နှစ်ရှည်ကြာ တောင်းဆိုနေတဲ့အချက်ကို သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရပ်ခြားကနေ ဆိုက်ဘာတိုက်ခိုက်မှုတွေ လောလောဆယ်မှာ အမေရိကန် မဲဆွယ်စည်းရုံးရေးအဖွဲ့တွေနဲ့ ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲစနစ်တွေထဲ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းကတော့ သိသိသာသာ ရှိခဲ့တာပါ။

၂၀၁၆ ခုနှစ်တုန်းက သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေး အသာရစေဖို့ ရုရှားက အုပ်စုတွေက ဒီမိုကရက်ပါတီ အမျိုးသားကော်မတီရဲ့ ကွန်ပျူတာဆာဗာကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သတင်းအချက်အလက်တွေကို WikiLeaks အဖွဲ့ကို ဝေမျှခဲ့တာကို အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက စုံစမ်းတွေ့ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)







သမ်မတ Donald Trump ရဲ့ မဲဆှယျစညျးရုံးရေး အဖှဲ့ကတော့ နိုငျငံရပျခွားက အန်တရာယျပေး နှောင့ျယှကျမှုတှေ မရှိဘူးလို့ ပွောပါတယျ။




XS
SM
MD
LG