ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်တွေအပြင် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ ရှိနေတာတွေကြောင့် အမေရိကန် အစိုးရနဲ့ လွှတ်တော်တို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ပိတ်ဆို့မှုတွေကို ဘယ်အတိုင်းအထာ လုပ်ဖို့ရှိသလဲ၊ အရေးယူမယ့် အထဲ ဘယ်လိုလူတွေ ပါမလဲဆိုတာတွေကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ကိုလှဖုန်းမြင့်နဲ့ ဆွေးနွေးထားတာကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။