သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ မြေမြှုပ်မိုင်းရှင်းလင်းရေး ကန်အစီရင်ခံစာထုတ်ပြန် 


ယူကရိန်းနိုင်ငံတွင်း မိုင်းရှင်းလင်းရေးကျွမ်းကျင်သူတွေက မပေါက်ကွဲရသေးတဲ့ ဗုံးဆံ၊ အမြောက်ဆံတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရှာဖွေရေးစက်သုံးပြီး ရှင်းလင်းနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၂)
ယူကရိန်းနိုင်ငံတွင်း မိုင်းရှင်းလင်းရေးကျွမ်းကျင်သူတွေက မပေါက်ကွဲရသေးတဲ့ ဗုံးဆံ၊ အမြောက်ဆံတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရှာဖွေရေးစက်သုံးပြီး ရှင်းလင်းနေစဉ်။ (နိုဝင်ဘာ ၁၆၊ ၂၀၂၂)

{{Zawgyi/Unicode}}

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း အလုံး ၅၃၀ ကျော်ကို အမေရိကန်အစိုးရအကူအညီနဲ့ ရှင်းလင်းခဲ့ပေမယ့် အခုအချိန်အထိ မဖျက်ဆီးရသေးတဲ့မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်နက်ပစ္စည်းတွေ အမြောက်အမြားကျန်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အင်္ဂါနေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ အမေရိကန်အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၆၀ ကျော်မှာ ဖောက်ခွဲရေးဆိုင်ရာနဲ့ တခြားသမားရိုးကျ လက်နက်တွေဖျက်ဆီးရေး အကူအညီတွေပေးခဲ့ပြီး အဲဒီထဲမှာ ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ယူကရိန်းက ဒေါ်လာ ၉၁ သန်းကျော်နဲ့ အကူအညီအများဆုံးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အခြားသမားရိုးကျစစ်လက်နက်တွေကို ဖျက်ဆီးဖို့ ဒေါ်လာ ၃၇၆ သန်း အသုံးပြုခဲ့ပါတယ်။ ဒီ အကူအညီတွေကို ယူကရိန်းပြီးရင် လာအို (ဒေါ်လာ ၄၅ ဒသမ ၀ သန်း)၊ အီရတ် (ဒေါ်လာ ၄၀ ဒသမ ၃ သန်း)၊ ကိုလံဘီယာ (ဒေါ်လာ ၂၄ ဒသမ ၅ သန်း) နဲ့ ဗီယက်နမ် (ဒေါ်လာ ၂၀ ဒသမ ၃ သန်း) နဲ့ အများဆုံးသုံးစွဲခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက်တော့ မိုင်းရှင်းလင်းရေးဆိုင်ရာအကူအညီတွေကို ၂၀၂၀ အထိပေးခဲ့ပြီး စစ်တပ်ကအာဏာသိမ်းထားတဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာတော့ အမေရိကန်အကူအညီတွေ ရပ်ဆိုင်းထားတာတွေကို အဲဒီအစီရင်ခံစာမှာ တွေ့ရပါတယ်။

အရှေ့အာရှနဲ့ပစိဖိတ်ဒေသမှာ ထောင်နဲ့ချီတဲ့ လူမှုအဖွဲ့အစည်းတွေဟာ ဒုတိယကမ္ဘာစစ်၊ အင်ဒိုချိုင်းနားစစ်ပွဲတွေနဲ့ ဗီယက်နမ်စစ်ပွဲအတွင်းက ကြွင်းကျန်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အန္တရာယ်တွေကို ဆက်လက်ရင်ဆိုင်နေကြရတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}







XS
SM
MD
LG