သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူဦးရေ ၁၅ သန်းကျော်အတွက် စာနာမှုအကူ ကန်ဒေါ်လာ ၆၄၃ သန်းလိုအပ်နေ (UNOCHA)


ကရင် ဒုက္ခသည်များ (photo : C J )
ကရင် ဒုက္ခသည်များ (photo : C J )

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုအကူအညီပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေအတွက် အောက်တိုဘာလ နောက်ဆုံးပတ်အထိ လိုအပ်ငွေပမာဏ ရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရရှိပြီး အမေရိကန်ဒေါ်လာ ၆၄၃ သန်း လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆက်သွယ်ရေးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံမှာ ဖေါ်ပြပါတယ်။

ဒါ့ကြောင့်လည်း အကူအညီပေးရေးမှာ ဦးစားပေး မရှိမဖြစ်လိုအပ်တဲ့သူတွေကို ရွေးပေးနေရပြီး နိုင်ငံနေရာတချို့မှာ သိုလှောင်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ မလုံလောက်တဲ့အကြောင်း UNOCHA အဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ပြီးရင်ဆိုင်နေရတဲ့ ပဋိပက္ခနဲ့ ငွေကြေးဖေါင်းပွမှုတွေ၊ အခြေခံစားကုန် ဈေးနှုန်းတွေကြား အစားအစာ မလောက်ငတဲ့ဒဏ် ဆိုးဆိုးဝါးဝါးနဲ့ အတန်အသင့် ရင်ဆိုင်နေရသူ လူ ၁၅ သန်းနဲ့ ၂ သိန်းရှိတဲ့ အကြောင်းလည်း UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့တွေက ဩဂုတ်လကုန်အထိ ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူ IDP ခြောက်သိန်း နှစ်သောင်းကျော်ကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနိုင်ခဲ့တဲ့အကြောင်းလည်း ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဝက်အတွင်း နိုင်ငံအတွင်းက အရေးပေါ် အကူအညီလိုအပ်နေသူ အိုးမဲ့အိမ်မဲ့ ၃ သန်း ၁ သိန်းအထိ အကူအညီတွေပေးခဲ့ပြီး နောက်ထပ် လိုအပ်နေသူတွေကို ဆက်ပြီးကူညီဖို့ ကြိုးစားနေတဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား အရပ်သားပြည်သူ တသန်း ၄ သိန်း အိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေပြီး အဲဒီအထဲက တသန်း တသိန်းဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိုးမဲ့အိမ့်မဲ့ နေအိမ်စွန့်ခွာရသူတွေ ဖြစ်တဲ့အကြောင်း UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံမှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






XS
SM
MD
LG