သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား၊ ယူကရိန်းသမ္မတတို့နဲ့ ကုလအတွင်းရေးမှူးချုပ် သီးခြားစီ တွေ့ဆုံမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂)

(Zawgyi / Unicode)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ရုရှားသမ္မတ၊ ယူကရိန်းသမ္မတတို့နဲ့ လာမယ့်ရက်တွေမှာ သီးခြားစီ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ရုရှားသမ္မတ Vladimir Putin၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့နဲ့ မော်စကိုမှာ အင်္ဂါနေ့ တွေ့ဆုံမှာဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သောကြာနေ့က အတည်ပြု ပြောကြားပါတယ်။

အဲဒီနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ယူကရိန်းကို သွားရောက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံမှာပါ။

ခရီးစဉ် ၂ ခုလုံးမှာ အပစ်အခတ်ရပ်စဲပြီး လူတွေရဲ့ လုံခြုံရေးအတွက် ချက်ချင်း လုပ်ဆောင်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Eri Kaneko က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လ ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သက်တမ်း ၅ နှစ်မှာ စိတ်အညစ်ရဆုံးအချိန်တွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အရင်အပတ် အင်္ဂါနေ့တုန်းကလည်း လူသားချင်း စာနာထောက်ထားရေးအတွက် ၄ ရက်ကြာ ပစ်ခတ်တာ ရပ်ကြဖို့ သူက တောင်းဆိုခဲ့ပါသေးတယ်။

ဒီလိုခရီးစဉ်မျိုးကို သူ သွားသင့်မသွားသင့် ချင့်ချိန်ခဲ့ရပေမဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက လူကိုယ်တိုင် သွားရောက်ဖို့ လိုပါတယ်လို့ ပြောတဲ့အတွက် ခုခရီးစဉ် ဖြစ်လာရတာပါ။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)


ကုလသမဂ်ဂ အတှငျးရေးမှူးခြုပျဟာ ရုရှားသမ်မတ၊ ယူကရိနျးသမ်မတတို့နဲ့ လာမယ့ျရကျတှမှော သီးခွားစီ တှေ့ဆုံမှာဖွဈတယျလို့ ကုလသမဂ်ဂက ပွောပါတယျ။







XS
SM
MD
LG