သေဒဏ်ချခံရသူတွေ စစ်သုံ့ပန်းမဟုတ်ဆိုတာမမှန်ကန် "ပိုလီဂရပ်ဖ်"
ယူကရိန်းဘက်မှာ ဝင်တိုက်ပေးတဲ့ နိုင်ငံခြားသား ၃ ဦးကို ရုရှားက သေဒဏ်အမိန့်ချထားပြီး သူတို့ဟာ ကြေးစားစစ်သားတွေဖြစ်တယ်၊ စစ်သုံ့ပန်းတွေမဟုတ်တာကြောင့် စစ်သုံ့ပန်းအတွက် အကာအကွယ်တွေနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်အစီအစဉ်မှာ ဆန်းစစ်ထားပါတယ်။