သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတပ်တွေ ဝိုင်းထားတဲ့မြို့မှာ စာနာမှု လမ်းကြောင်း ဖွင့်ပေးဖို့ ယူကရိန်း တောင်းဆို


ယူကရိန်းနိုင်ငံ Mariupol မြို့က ပြဇာတ်ရုံနဲ့ တခြား အဆောက်အအုံတွေ မီးလောင် နေတဲ့ ပုံကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ ရိုက်ယူ ထုတ်ပြန်ထားတဲ့ Maxar ဂြိုဟ်တု ဓာတ်ပုံ။
ယူကရိန်းနိုင်ငံ Mariupol မြို့က ပြဇာတ်ရုံနဲ့ တခြား အဆောက်အအုံတွေ မီးလောင် နေတဲ့ ပုံကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ ရိုက်ယူ ထုတ်ပြန်ထားတဲ့ Maxar ဂြိုဟ်တု ဓာတ်ပုံ။

(Zawgyi/ Unicode)

ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol မြို့ကို လူသားခြင်း စာနာမှု ဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း ဖွင့်ပေးဖို့နဲ့ မြို့ထဲက ထွက်ခွာ လိုသူတွေကို ထွက်ခွာခွင့် ပေးဖို့ အင်္ဂါနေ့မှာ ရုရှားကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေ အတွက် လူသားချင်း စာနာမှု လမ်းကြောင်းဖွင့် ပေးဖို့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် Iryna Vereshchu က ယူကရိန်း ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။ Mariupol မြို့က ယူကရိန်း တပ်တွေ လက်နက်ချဖို့ တနလာၤနေ့မှာ ရုရှားက ရာဇသံ ပေးခဲ့တာကို ယူကရိန်းက ငြင်းပယ်ခဲ့ပြီး နောက်တနေ့မှာ အခုလို တောင်းဆိုမှု ထွက်ပေါ်လာတာပါ။

ယူကရိန်းကို စတင်ကျူးကျော်ချိန်က စတင်ပြီး Mariupol မြို့မှာ တလနီးပါးလောက် အရပ်သား ပစ်မှတ်တွေ အပါအဝင် နေရာအနှံ့ ရုရှားက ဗုံးကြဲ တိုက်ခိုက်နေတာပါ။ Mariupol မြို့မှာ ဘာမှ မကျန်တော့ဘူးလို့ သမ္မတ Volodymyr Zelenskyy က အီတလီ လွှတ်တော်ကို ဗွီဒီယိုနဲ့ ပြောဆိုစဉ် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး စနစ်တွေ အကုန် ပျက်စီးသွားပြီး မြို့ကြီး၊ မြို့ငယ်တွေ အပြင်းအထန် တိုက်ခိုက်ခံနေရကြောင်းနဲ့ အရပ်သားတွေ အတွက် စားနပ်ရိက္ခာ အပါအဝင် အဓိက လိုအပ်တဲ့ ပစ္စည်းတွေဟာ ၃ ရက် - ၄ ရက်စာလောက်ဘဲ ရှိတော့တယ်လို့ ယူကရိန်းဆိုင်ရာ Mercy Corps ကူညီထောက်ပံ့ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ Steve Gordon က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG