ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သတ်ခိုင်းတဲ့အမိန့်ဟာ ဆော်ဒီအာရေးဗျအစိုးရရဲ့ ထိပ်ပိုင်း အဆင့်ကနေလာတာလို့ တူရကီသမ္မတ Recep Tayyip Erdogan ကပြောလိုက်ပါတယ်။
ဆော်ဒီဘုရင် Salmanက သတ်ခိုင်းတယ်လို့ သူမယုံကြည်ဘူးလို့လည်း တူရကီသမ္မတ Erdogan က ဆိုပါ တယ်။ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ကိုလည်း တူရကီသမ္မတက တိုက်ရိုက်မစွပ်စွဲပါဘူး။ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ဆောင်းပါးရှင်တဦးဖြစ်တဲ့ သေဆုံးသူဆော် ဒီသတင်းထောက် Jamal Khashoggi ဟာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဝေဖန်မှုတွေရေးသားခဲ့သူဖြစ်ပါတယ်။
သူနဲ့စေ့စပ်ထားသူ တူရကီအမျိုးသမီးနဲ့လက်ထပ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ရဖို့ တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့လတုန်းက ဝင်သွားပြီးနောက်ပိုင်း သတင်းထောက် Khashoggi အသတ်ခံခဲ့ ရတာပါ။ ဒီသတ်ဖြတ်ခံရမှုရဲ့နောက်ကွယ်က ကြိုးကိုင်သူဘယ်သူလဲ ဆိုတာကို ထုတ်ဖေါ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ တူရကီသမ္မတ Erdoganက နိုဝင်ဘာလ ၂ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာရဲ့ သူ့အမြင်ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။
သေဆုံးသူသတင်းထောက် Khashoggi ရဲ့အလောင်းကို ဖျောက်ဖျက်ရလွယ်ကူအောင် အပိုင်းပိုင်း ဖြတ်တောက်ခဲ့တယ်လို့ Khashoggi ရဲ့သူငယ်ချင်းနဲ့ တူရကီသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ Yasin Aktayက ပြောတဲ့အကြောင်း တူရကီနိုင်ငံထုတ် Hurriyet သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
သတင်းထောက် Khashoggi အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရက အစပိုင်းမှာငြင်းခဲ့ပေ မဲ့ လည်း နောက်ပိုင်းမှာတော့ ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့ လူဆိုးတွေရဲ့လုပ်ရပ်ကြောင့် သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။