ဥရောပသမဂ္ဂက ဗြိတိန်နိုင်ငံခွဲထွက်ရေး သဘောတူညီချက်မူကြမ်းကို ငြင်းပယ်တာဟာ ဗြိတိန်နိုင်ငံကို လုံး၀ မရေရာတဲ့ လမ်းကြောင်းပေါ်တွန်းပို့လိုက်တာဖြစ်လိမ့်မယ်၊ အဲဒါကြောင့် ဒါကိုအတည်ပြုမှု ရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Thresera May က ပြောလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂကနုတ်ထွက်ရေးဆိုင်ရာဝန် ကြီး Dominic Raab နဲ့ပင်စင်ဝန်ကြီး Esther McVey တို့ ကြာသပတေးနေ့က နုတ်ထွက်သွားတဲ့အတွက် ဒီသဘောတူညီ ချက်အပေါ် ပါလီမန်ရဲ့ အတည်ပြုချက်ရရှိရေးမှာ အလားအလာနည်းသွားခဲ့ပါတယ်။
ဝန်ကြီးချုပ်မေကတော့ ဒီသဘောတူ ညီချက်ကို ဒီဝန်ကြီး ၂ ဦးမကြိုက်ကြဘူးဆိုတာ သူသိပေမယ့် ဒါဟာ ဗြိတိန်နိုင်ငံအတွက် အကောင်းဆုံး သဘောတူညီမှုပဲ လို့ဆိုပါတယ်။ ဥရောပသမဂ္ဂက ခွဲထွက်ရေးလိုလားသူ ပါလီမန်အမတ် Jacob Rees Mogg ကနေပြီးတော့ ဝန်ကြီးချုပ်အပေါ်မှာ အယုံအကြည်မရှိအဆို တင်သွင်းဖို့ တောင်းဆိုချက်ကလည်း Thresera May အတွက် အထိနာစေခဲ့ပါ တယ်။
အတိုက်အခံလေဘာပါတီခေါင်းဆောင် Jeremy Corbyn ကလည်း ဒီသဘောတူညီချက်ဟာ အကြီးအကျယ် ပျက်စီးထိ ခိုက်စေနိုင်တဲ့အမှားတရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်ငွေကြေး ပေါင်စတာလင် ကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။