သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်ကြီးဈာပန အလုပ်ရှင်ခွင့်ပြုချက်မယူဘဲ တက်ခဲ့တဲ့ မြန်မာလုပ်သားတချို့ အလုပ်ထုတ်ခံရ


ကွယ်လွန်သူထိုင်းဘုရင် ဈာပန အခမ်းအနား
ကွယ်လွန်သူထိုင်းဘုရင် ဈာပန အခမ်းအနား

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆူစဝပ်နယ်မြေမှာရှိတဲ့အင်္ကျ ီချိတ်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ကြတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ယောက်ကို အလုပ်ရှင်ကသူ့ခွင့်ပြုချက်မရပဲ ထိုင်းနိုင်ငံက နတ်ရွာစံဘုရင်ကြီး ဈာပနပွဲကျင်းပရာကို သွားရောက်ဂါရဝပြုကြတဲ့အတွက်အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒီအတွက်အလုပ်သမားတွေက အလုပ်သမားကာကွယ်ရေးရုံးကနေ အလုပ်ရှင်ကို အောင်တိုဘာ၃၀ရက်နေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံက နတ်ရွာစံဘုရင်ကြီး ဈာပနပွဲ ကျင်းပတဲ့နေ့ဟာ အောက်တိုဘာလ ၂၆ရက်နေ့ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံတဝှမ်း စက်ရုံအလုပ်ရုံတွေ ရုံးတွေပိတ်ပြီး ဘုရင်ကြီးကို ဂါရဝပြုကြဖို့ ထိုင်းအစိုးရက ပြောဆိုထားတာပါ။ မြို့နယ်တိုင်းမှာ ဘုရင်ကြီးအတွက်ဈာပနပွဲတွေကျင်းပကြပါတယ ်။ ဘန်ကောက်မြို့က အလုပ်သမားတွေကလည်း အဲဒီနေ့မှာဘုရင်ကြီးဈာပနပွဲကို ဂါရဝပြုဖို့ သွားခဲ့ရမှာအလုပ်ရှင်ရဲ့အလုပ်ဖြုတ်တာကိုခံခဲ့ရတယ်ဆိုပြီး အလုပ်သမားတွေကို အကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းကပြောပါတယ်။

"ဒီအလုပ်သမားတွေက ထိုင်းဘုရင်ကြီးကိုချစ်တဲ့စိတ်နဲ့ ကိုယ့်မြန်မာနိုင်ငံသာအလုပ်သမားတွေကို လည်း ထိုင်းဘုရင်ကြီးကအမြဲတမ်း ကောင်းတယ်၊ ကြည့်ရူစောင့်ရှောက်ပေးတယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံးအနေနဲ ့နတ်ရွာစံ အခမ်းအနားကို သွားရောက်ပြီး ပူဇော်ဂါရဝပြုတယ် ပေါ့နော်။ အဲဒါကိုအလုပ်ရှင်ဘက်ကနေ အလုပ်လာမဆင်းလို့ ဆိုပြီးအလုပ်သမား ၁၉ယောက် အလုပ်ပြုတ်သွားတယ် ။၂၆ ရက်နေ့မှာသူတို့သွားတယ်။၂၇ ရက်နေ့မှာတော့ အလုပ်သွားတာနဲ့ အလုပ်ရုံပေါက်ကနေ သူတို့ကိုမောင်းထုတ်လိုက်တယ်။ တယောက်မှ အလုပ်မဆင်းနဲ့ ဆိုပြီး အဲဒါကြောင့် သူတို့အကုန်လုံး လှည့်ပြန်လာရတယ်။"

၂၇ ရက်နေမှာတော့ အလုပ်သမားတွေ ကို အလုပ်ဆင်းခွင့် မပြုတော့တဲ့အတွက် ရုံးဖွင့်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၃၀ရက်နေ့မှာတော့ အလုပ်ရှင်ပြန်ပြီး တရားစွဲဆိုမှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

"သူတိုရဲ့ သက်ဆိုင်ရာ နယ်မြေက ထိုင်းအလုပ်သမားကာကွယ်ရေးဌာနမှာ သူတို့ကိုအလုပ်ဖြုတ်တဲ့နစ်နာကြေးနဲ့ ကြိုတင်မပြောပဲအလုပ်ဖြုတ်တဲ့အတွက် ကြိုတင်မပြောခကြေး ၂ခုနဲ့ အလုပ်ရှင်ကို ပြန်ပြီးတရားစွဲဆိုထားပါတယ်"

နတ်ရွာစံချိန်သက်တော် ၈၉ နှစ်ရှိခဲ့ပြီဖြစ်တဲ့ ဘုရင်ကြီးဟာ ၁၉၄၆ ခုနှစ်မှာ ထီးနန်း စတင် စိုးစံခဲ့တာပါ။ ထိုင်းနိုင်ငံမှာတော့ ဒေသဖွံဖြိုးရေးလုပ်ငန်းတွေကိုအားစိုက်လုပ်ခဲ့တဲ့အတွက် ပြည်သူအများရဲ့ ချစ်ခင်မူကိုရရှိခဲ့တဲ့ဘုရင်းမင်းမြတ် တပါးဖြစ်ပါတယ်။ ဒီအတွက် သူအတွက် ကျင်းပပြုလုပ်တဲ့ ဈာပန ဂါရဝပြုုပွဲတွေကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသိန်းနဲ့ချီပြီးလူတွေ တက်ရောက်ဂါရဝပြုခဲ့ရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG