အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့က လပေါ်ကို ပြန်ပြီး သွားဖို့ အပြင် လထက် ပိုပြီးဝေးတဲ့ နေရာတွေကိုပါ သွားရောက်ဖို့ စီစဉ်နေတာပါ။
ကမ္ဘာနဲ့ လဟာ မိုင် ၂သိန်းခွဲပဲဝေးပါတယ်။ အပိုလို ၁၁ နဲ့ လကိုသွားတုန်းက တရက်ခွဲ ၂ ရက်လောက်ပဲကြာတာပါ။ တကယ်လို့ အင်္ဂါဂြိုဟ်အထိ သွားမယ် ဆိုရင်တော့ မိုင်သန်းပေါင်း ၄၀ ဝေးပါတယ်။ ဒီခရီးအတွက် နောက်ဆုံးပေါ် orion အာကာသယာဉ် နဲ့ ဆို အသွား ၉လ အပြန် ၉ လကြာမှာဖြစ်ပါတယ်။ ထွင်ဖို့ လုပ်နေတဲ့ တနာရီကို မိုင် ၂ သောင်းလောက်နှုံးနဲ့ ပျံနိုင်မယ့် plasma ဒုံးယဉ်နဲ့ ဆိုရင်တော့ ၃လလောက်အတွင်း ရောက်နိုင်ပါတယ်။ ရောက်ပြီးရင်လည်း ချက်ချင်း ပြန်လာလို့ မရပဲ အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာ လမ်းကြောင်း ပြန်တဲ့တဲ့ အချိန်ထိစောင့်ရဖို့ တနှစ်ခွဲလောက် အင်္ဂါဂြိုဟ်ပေါ်မှာ နေရမှာဖြစ်ပါတယ်။
ဒီလိုအချိန်အတော်ကြာသွားရမယ့် ခရီးအတွက် လောင်စာသယ်ဖို့ က အဓိက ပြဿနာဖြစ်နေတာပါ။ ဒါ့အပြင် အင်္ဂါဂြိုလ်ပေါ်မှာ အသက်ရှုဖို့ လေ၊ သောက်သုံးဖို့ရေနဲ့ အစားအစာ လိုအပ်မယ့် ပြဿနာတွေ ကိုလည်း ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့လေထုကနေ အပြင်ကို ထွက်တာနဲ့ နေရဲ့ အပူဒဏ်တွေ၊ လူအတွက် အန္တရာယ်ဖြစ်စေတဲ့ ရောင်ခြည်မျိုးစုံ၊ နောက် အာကာသထဲမှာ လွင့်ပျံနေတဲ့ ဥက္ကာပျံ အပိုင်းအစတွေရဲ့ အန္တရာယ်တွေပါ ရှိနေတာပါ။
ဒီလိုအန္တရာယ်တွေထက် ပိုအရေးကြီးတာက အာကာသထဲအနေကြာလာရင် တလ ၂ လလောက်နဲ့ အရိုးပွရောဂါနဲ့ ကြွက်သားတွေ လျော့ရဲလာတဲ့ရောဂါ လိုမျိုး ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်၊ အချိန်အတော်ကြာ အာကာသထဲ ခရီးသွားမယ့် သူအတွက် စိတ်ကျန်းမာရေးကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။
အခုလိုကြုံရနိုင်တဲ့ အခက်အခဲတွေကို လာမယ့် ဆယ်နှစ် ၁၅ နှစ်လောက်ဆို ဖြေရှင်းနိုင်မယ်လို့ နာဆာက ယုံကြည်နေသလို အခုချိန်အထိ Dutch ကုမ္ပဏီ တခုကို အင်္ဂါဂြိုဟ်သွားဖို့အတွက် စာရင်းလာပေးနေသူ လူပေါင်းက ၂ သိန်းကျော်နေပြီလို့ ဆိုပါတယ်။