မီးစုန်းလို့ ခေါ်တဲ့ ဖေါ့စဖရပ်စ်မှာ အဖြူရောင်ရှိတဲ့ ဖေါ့စဖရပ်အတွက် အန္တရာယ် အတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာကို ဒီတပါတ်မှာ ပြောပြပါရစေ။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပတောင်းတောင် ဒေသမှာ သတ္တုမတူးဖေါ်ဖို့ တောင်းဆိုနေတဲ့ သပိတ်စခန်း ၆ ခုကို ရဲတွေက မီးသတ်ပိုက်နဲ့ ရေဖြန်းခဲ့သလို ဖေါ့စဖရပ်စ်လို့ ခေါ်တဲ့ မီးစုန်းပါ မီးလောင်ဗုံးတွေသုံး ပြီး ဖြိုခွဲခဲ့တယ်လို့ မြန်မာရှေ့နေများကွန်ယက်နဲ့ အမေရိကန် Justic Trust အဖွဲ့တွေက သက်သေ အထောက်အထားတွေနဲ့ တကွ တင်ပြခဲ့ပါတယ်။ သူတို့ သုံးတဲ့ ဗုံးဟာ WP (White Phosphorus) ဗုံးလို့ခေါ်တဲ့ Incendiary weapon လို့သတ်မှတ်ထားတဲ့ မီးလောင်ဗုံးဖြစ်ပြီး ဒါကို မသုံးစွဲဖို့ ကုလသမဂ္ဂက တားမြစ်ထားတာ ဖြစ်နေတဲ့အပြင် ဒီဗုံးတွေမသုံးခင် ရေဖြန်းခဲ့တာမို့ WP လို့ခေါ်တဲ့ အဖြူရောင် ဖေါ့စဖရပ်စ် နဲ့ ရေ ထိတွေ့မှုကနေ ပြင်းထန်တဲ့ ဓါတ်ပြုမှုတွေကြောင့် နောက်ဆက်တွဲဒုက္ခတွေ ကြုံလာကြရတယ်လို့ ဆိုပါတယ်။
WP လို့ခေါ်တဲ့ White Phosphorus ကိုမသုံးဖို့ ဘာ့ကြောင့် ကုလသမဂ္ဂက တားမြစ်ရတယ်၊ ပြင်းထန်တဲ့ ဓါတ်ပြုမှုကြောင့် နောက်ဆက်တွဲ ဘယ်လို အန္တရာယ်တွေ ပေါ်လာစေနိုင်တယ်ဆိုတာတွေကို ကြည့်ကြရအောင်ပါ။
ဓါတ်မြေသြဇာ၊ ကြွက်သတ်ဆေးနဲ့ ပိုးဟပ်သတ်ဆေးတွေမှာ အဓိက သုံးလေ့ရှိတဲ့ အဖြူရောင်ဖေါ့စဖရပ်စ်ဟာ ဓါတုအဆိပ်သင့်မှုကို ဖြစ်စေတဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ မီးစုန်းလို့ အများသိကြတဲ့ ဖေါ့စဖရပ်စ်မှာ အဖြူရောင် ဖေါ့စဖရပ်စ် P4 ဟာ active အဖြစ်ဆုံး ဓါတ်ပြုအလွယ်ဆုံးလို့ ဓါတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။
မြန်မာလိုတော့ မီးစုန်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ဓါတုဗေဒမှာတော့ ဖေါ့စဖရပ်စ် က ၃ မျိုး ရှိတာပေါ့။ ဖေါ့စဖရပ်စ် အဖြူရယ်၊ အနီရယ်၊ အမဲရယ်ဆို ရှိတယ်။ ဈေးကွက်ထဲမှာ ရှိတာက အဖြူနဲ့ အနီက ဈေးကွက်ဝင်တဲ့ ဖေါ့စဖရပ်စ်တွေ ပေါ့နော်။ အဲဒီဖေါ့စဖရပ်စ်တွေကို ကြည့်တဲ့အခါမှာ အဖြူရောင်ဖေါ့စဖရပ်စ်ကတော့ အက်တစ် Active အဖြစ်ဆုံးပေါ့။ သူက လေထဲရောက်တာနဲ့ ကျွန်တော်တို့ မြန်မာပြည် temperature အပူချိန်ပေါ့။ ၉၃ ဒီဂရီ ဖါရင်ဟိုက် ဒါမှမဟုတ် ၃၄ ဒီဂရီ မှာ ဆိုရင်တော့ သူက မီးလောင်တယ်။ သူက အလိုအလျှောက်လည်း မီးလောင်တာကိုး။ မီးလောင်သလို သူက အင်မတန်မှလည်း အဆိပ်အတောက်ဖြစ်စေတယ်။
ဒီအဆိပ်အတောက်ဖြစ်စေတဲ့ အဖြူရောင် ဖေါ့စဖရပ်စ်ဟာ ရေနဲ့ တွေ့ရင် အက်စစ်ဖြစ်လာပြီး လူကို အန္တရာယ် ပေးတာပါ။ ရှေ့နေအဖွဲ့က ထိုင်းနိုင်ငံမှာ ရှိတဲ့ ALS ဓါတ်ခွဲွခန်းကိုပေးပို့ပြီး စစ်ဆေးစေခဲ့တဲ့ လိမ္မော်ညိုရောင်ချေးတွေ ကျန်နေတဲ့ အခင်းဖြစ်ပွါးတဲ့နေရာမှာ သုံးစွဲခဲ့တဲ့ ဗုံးရဲ့ ဗုံးခွံထဲမှာ ဖေါ့စဖရပ်စ် ပါဝင်မှုက ၂၅% ကျော်နေသလို ဖေါ့စဖိတ် P2O5 ပါဝင်မှုကတော့ ၅၈.၃ ရာနှုံးရှိနေပါတယ်။ ဒီပါဝင်နေတဲ့ ဖေါ့စဖရပ်စ်ဟာ ဘယ်လိုအမျိုးအစား ဖြစ်နိုင်တယ် ဆိုတာကြည့်ကြရအောင်ပါ။
ရေနဲ့ ဖျန်းထားတဲ့ အခြေနေမှာ ဆိုရင်တော့ ဒီဖေါ့စဖရပ်စ်အောက်ဆိုက်တွေက အဖြူရောင်အမှုန့်တွေက ရေထဲပျော်ဝင်ပြီးတော့ အက်ဆစ် တွေ ဖြစ်ကုန်တယ်။ အဲဒီတော့ ဖေါ့စဖိုရစ် အက်ဆစ်တွေ၊ ဖေါ့စဖေါရပ် အက်ဆစ်တွေ ဖြစ်ကုန်တယ်။ တကယ်လို့ လူကိုယ်ခန္ဓာကို ထိမယ် ဆိုရင် အသားတွေကို စားတာပေါ့။ ကျွန်တော်တို့ အဲဒီ လူကိုယ်ခန္ဓာမှာလည်း အက်ဆစ်တွေနဲ့ ထိထားတဲ့ ဒဏ်ရာ၊ အသားကိုစားသွားတဲ့ ဒဏ်ရာ။ နောက်သူက ပြောထားသေးတယ် extremely poisonous တဲ့ အလွန်တရာမှ အဆိပ်ပြင်းတယ်လို့ ပြောထားတော့ အလွန်အဆိပ်ပြင်းတဲ့ သဘောတွေ့ရပါတယ်။ အဲဒါကြောင့် ဒီအဆိပ်ပြင်းတဲ့ ဖေါ့စဖရပ်စ်ဟာ ဒီ White Phosphorus ဖြစ်တယ်။
အခင်းဖြစ်ပွါးတဲ့နေရာက မီးလောင်မှုတွေကို ကြည့်ရင် အဖြူရောင်ဖေါ့စဖရပ်စ်နဲ့ အတူ တခြား ပစ္စည်းတွေလည်း ပါဝင်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။
ဖေါ့စဖရပ်စ်ကတော့ တကယ့်တကယ် အပြင်မှာထားရင် ရေအောက်မှာ ထားရပါတယ်။ အပြင်ကို ခဏလေး expose လုပ်ရင် ရေလဲခြောက်သွားရော သူက မီးက ထတောက်ရော။ ဒီလိုမီးတောက်တော့ သူ့ကို ဒီတိုနေတာ အဖြစ်သုံးလဲ ရတယ်။ ဘေးမှာ ဓါတ်ဆီတွေ ဘာတွေရှိရင် မီးအရမ်းစွဲပြီးတော့ လောင်တယ်။ အခု သူတို့ ဘေးနားမှာ မီးလောင်တယ် ဆိုတာက အဲဒီ ထဲမှာ မီးလောင်စေတဲ့ ပစ္စည်းလည်း ထည့်ပေးလိုက်လို့ ရတာကိုး။ သူက ပစ်လိုက်တဲ့ အချိန်မှာ White Phosphorus နဲ့ အတူ တခြားပစ္စည်းတွေလည်း ပါနိုင်တယ်။ ဥပမာအားဖြင့် ဓါတ်ဆီလိုမျိုး ဒါမှမဟုတ်ရင် benzene လိုမျိုး ပါနိုင်တယ်။ အဲဒီမှာ လွင့်စင်ပြီး သွားထိရင် ဖေါ့စဖရပ်စ်ကလည်း မီးလောင်ရော၊ ဒီမီးဟာ ခုန ဓါတ်ဆီလိုမျိုး နေရာ ဆက်ပြီးတော့ ကူးသွားလို့ ရတယ်။ သူ့ကိုယ်ကိုလည်း မီးလောင်ဖို့ အခွင့်အလန်း ရှိပါတယ်။
မျက်ရည်ယိုဗုံးလို့ သိကြတဲ့ မီးခိုးဗုံး အတွက် ဖေါ့စဖရပ်စ်ကို သုံးတာမျိုးတွေရှိပေမယ့် အခုလို ရာနှုံး ၂၀ ကျော်လောက်တော့ မသုံးဘူးလို့ ဆိုပါတယ်။
မီးခိုးဗုံးကတော့ စစ်တပ်တွေ ရွှေ့တဲ့နေရာမှာ သုံးပါတယ်။ ဒီမီးခိုးဗုံးထဲမှာ ဖေါ့စဖရပ်စ် ထည့်ရင်တော့ ရတာပေါ့။ နဲနဲ လေး ထည့်ရင်တော့ ရတာပေါ့။ ဒါပေမယ့် ခုနလို ၂၀% လောက် တော့ မထည့်ကြဘူး။ ဒါပေမယ့် မီးခိုးဗုံးကိုလုပ်ရင် ဆာလဖာနဲ့ ignition မီးခတ်တာများတယ်။ ကျွန်တော်တို့ ဆာလဖာရယ် ယမ်းစိမ်းရယ်ထည့်ပြီးတော့ ignite လုပ်တယ် မီးရှို့တာပေါ့။ ကျွန်တော်တို့က ဒီတိုနေတာလိုသုံးပြီးတော့ မီးရှို့တယ်။ မီးရှို့လိုက်တဲ့ အချိန်မှာ အထဲမှာ ပါလာတဲ့ သကြားတွေက မီးလောင်သွားတော့ မီးခိုး တွေထွက်တယ်။ အဲဒီမှာ စစ်တပ်တွေက တနေရာက တနေရာပြောင်းရင် သူတို့ကို မမြင်ရအောင် လို့ မီးခိုးဗုံးတွေ ဖေါက်ပြီးတော့ အသုံးပြုတာများတယ်။ အပြင်မှာ အဓိကရုန်း ဖြိုခွဲတဲ့နေရာမှာတော့ မသုံးပါဘူး။ သူတို့ အဲဒီမှာ ဖေါ့စဖရပ်စ်တွေ ကပ်နေတယ်။ ဖေါ့စဖရပ်စ်ကို တွေ့တယ် ဆိုတာဟာ ဖေါ့စဖရပ်စ်ပါတဲ့ မီးလောင်ဗုံးလို့ ယူဆရတယ်။ မီးလောင်ဗုံး ဖြစ်မှန်းကတော့ ကျွန်တော်တို့လည်း မသိဘူးလေ။ ဒီဓါတုဗေဒ ပညာရှင်ဖြစ်ဖြစ်၊ သိပ္ပံပညာရှင် ဖြစ်ဖြစ်က ဖြစ်နိုင်တဲ့ အကြောင်းအရာပဲ ပြောရတာကိုး။
WP ဗုံးလို့ခေါ်တဲ့ မီးလောင်ဗုံးဟာ သူ့ချည်းသက်သက်ရော ဖေါက်ခွဲပြီးရေနဲ့ ထိတွေ့ရင်ပါ လူကို ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးနိုင်တာမို့ ၁၉၈၀ ခုနှစ်ကစပြီး ကုလသမဂ္ဂက တားမြစ်ခဲ့တယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။