နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားတို့ ရှေ့သီတင်းပတ် သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံပေါ် ဆက်ပြီးချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေထဲက ဘာတွေကို ထပ်ပြီး လျှော့ပေါ့ပေးမယ်ဆိုတာ ဆွေးနွေးကြဖွယ်ရှိပါတယ်။
မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အခုချိန်မှာ ဆက်ပြီး ထားသင့်မသင့်၊ ရုပ်သိမ်းသင့်တယ်ဆိုရင် ဘာ့ကြောင့်၊ ထားသင့်တယ်ဆိုရင် ဘာ့ကြောင့်၊ ဘယ်လို အရေးယူမှုတွေကို ဆက်ထားသင့်ပြီး၊ ဘာတွေ ကိုတော့ လျှော့ပေါ့ရုပ်သိမ်းသင့်တယ် စတာတွေကို ပင်တိုင်ဆွေးနွေးသူတွေဖြစ် တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်၊ နိုင်ငံရေးနဲ့ စီးပွားရေး လေ့လာသူ ဦးဇေယျာသူတို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက် ပါဝင် ဆွေးနွေးထားပါတယ်။