သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလုပ် လေကြောင်းကာကွယ်ရေးလက်နက် တူရကီစမ်းသပ်မှု ကန် ပြင်းထန်စွာ တုံ့ပြန်


ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်
ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ်

(Zawgyi/Unicode)

တူရကီက ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးစနစ် ကို ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ကြား နဂိုက တင်းမာမှုတွေ ပိုပြီး တိုးလာတဲ့ ပုံတွေ့နေရပါတယ်။

တူရကီ ဟာ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဘေးဖယ်ထားပြီး ရုရှားလုပ် ဒီကာကွယ်ရေးစနစ်ကို စတင် စမ်းသပ်နေတယ် ဆိုတဲ့ သတင်းတွေမှန်ကန်ကြောင်း သမ္မတ Recep Tayyip Erdogan က အတည်ပြုလိုက်ပြီးတဲ့ နောက် သောကြာနေ့မှာ အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။

အခုလို စမ်းသပ်မှုတွေ လုပ်ဆောင်နေသလို အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက် အတွက်လည်း လုံးဝ စိတ်မပူကြောင်း သမ္မတ Erdogan ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တူရကီရဲ့ ပြောကြားချက်အတွက် သောကြာနေ့ ညနေပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဌာနက ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တုံ့ပြန်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပင်တာဂွန်ပြောခွင့်ရအကြီးအကဲ Jonathan Rath Hoffman က တူရကီရဲ့ အောက်တိုဘာလ ၁၆ ရက် စမ်းသပ်မှုကို အမေရိကန်ကာကွယ်ရေးဌာနက အပြင်းထန်ဆုံးစကားလုံးတွေနဲ့ ရှုံ့ချကြောင်း ပြောကြားလိုက်တဲ့အပြင် အခုလို စမ်းသပ်မှုဟာ ၂ နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

S-400 စနစ် ဟာ အမေရိကန်နဲ့ NATO မဟာမိတ်အဖွဲ့တွေနဲ့ တူရကီတို့ကြား ထားရှိတဲ့ ကတိကဝတ်နဲ့ မကိုက်ညီကြောင်း လည်း ပြောပါတယ်။

တူရကီဟာ ရုရှားလုပ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ ၂၀၁၇ မှာ သဘောတူ လက်မှတ်ရေးထိုးထားတာ ဖြစ်ပြီး မနှစ်က ဇူလိုင်လမှာ ရုရှားက ပထမဆုံး စပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး F-35 stealth ဂျက်တိုက် လေယာဉ် အစီအစဉ် မှာ တူရကီ ပါဝင်မှုကို အမေရိကန်က ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)








XS
SM
MD
LG