မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့မှုနှုန်းဟာ ၂၀၁၅ - ၂၀၁၆ ခု ဘဏ္ဍာနှစ်ထက် စာရင် ၅၀% နီးပါး လျော့ကျသွားတယ်လို့ မူဆယ်မြို့ ဆန်ကုန်သည်ကြီးများ အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက ပြောပါတယ်။ မြန်မာနိုင်ငံဘက်က ဆန်တွေကို တရုတ်ပြည်ဘက်ကို မှောင်ခိုသဘောမျိုး တင်သွင်းနေရတာကြောင့် ဖမ်းဆီးမှုတွေ များနေတဲ့အတွက် အခုလို ဆန်တင်ပို့မှုနှုန်း လျော့ကျသွားတာလို့ ဆိုပါတယ်။ မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ အပိုင်း (၂) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။