သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့်မြင့်နည်းပညာ လုပ်ငန်းတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန် ကန့်သတ်


တပိုင်းလျှပ်ကူးပစ္စည်းနဲ့ တခြား ကွန်ပြူတာ နည်းပညာဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေအပေါ် သမ္မတ Biden ရဲ့ အမိန့်ကြေညာချက်က ကန့်သတ်ထားတာပါ။
တပိုင်းလျှပ်ကူးပစ္စည်းနဲ့ တခြား ကွန်ပြူတာ နည်းပညာဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေအပေါ် သမ္မတ Biden ရဲ့ အမိန့်ကြေညာချက်က ကန့်သတ်ထားတာပါ။

အမေရိကန်သမ္မတ Joe Biden က တရုတ်နိုင်ငံမှာ အဆင့်မြင့်နည်းပညာနဲ့ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမဲ့ အပေါ် ကန့်သတ်တဲ့ အမိန့်ကြေညာချက် မနေ့ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်တာဟာ စီးပွားရေးအရ အကျပ်ကိုင်မှုဖြစ်ပြီး ဒါကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ တုန့်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံအတွင်း အဆင့်မြင့်နည်းပညာနဲ့ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမှုအပေါ် ကန့်သတ်တဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်ကို သမ္မတ Joe Biden က မနေ့ ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးလိုက်တာပါ။ ဒီအမိန့်ကြေညာချက်ကြောင့် ကမ္ဘာ့ စီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်နိုင်ပေမဲ့ သမ္မတ Biden ရဲ့ လုပ်ဆောင်ချက်ဟာ တရုတ်တို့အတွက် အံ့အားသင့်စရာ မဖြစ်နိုင်ဘူးလို့ အမေရိကန်အခြေစိုက် German Marshall Fund အဖွဲ့ရဲ့ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Bonnie Glaser က ဗွီအိုအေကို ပြောပါတယ်။

“ဒီလိုလုပ်လိမ့်မယ်ဆိုတာကို တရုတ်တို့က ကြိုသိထားပြီးသားပါ၊ ဒါဟာ သူတို့အတွက် အံ့အားသင့်စရာ မဟုတ်ပါဘူး။ ဒီကိစ္စအပေါ် တရုတ်ဘက်က လက်စားချေမှုလည်း လုပ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံက အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်ရှိနေချင်သေးတာရယ်၊ သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ Joe Biden တို့ San Francisco မှာ နိုဝင်ဘာလမှာ ကျင်းပမဲ့ APEC ထိပ်သီးစည်းဝေးပွဲမှာ တွေ့ကြဖို့လည်း ရှိနေတဲ့အတွက် တရုတ်ဘက်က လက်တုန့်ပြန်မယ်ဆိုရင်လည်း ပစ်မှတ်ထား အရေးယူတာမျိုးဘဲ ဖြစ်မယ်ထင်ပါတယ်” - လို့ ပြောသွားတာပါ။

တပိုင်းလျှပ်ကူးပစ္စည်းနဲ့ တခြား ကွန်ပြူတာ နည်းပညာဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေအပေါ် သမ္မတ Biden ရဲ့ အမိန့်ကြေညာချက်က ကန့်သတ်ထားတာပါ။ အမေရိကန်ရဲ့ ဒီလုပ်ဆောင်ချက်အပေါ် အီးယူကလည်း သုံးသပ်နေပြီး အမေရိကန်အစိုးရနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်နေ‌ကြောင်း ဒီကနေ့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG